Lifestyle: ရှုံးနေရာကနေ အနိုင်ဘယ်လိုယူမလဲ

အခြေအနေကို လိုသလို ဖန်တီးနိုင်ဖို့ ဒီနည်းလမ်းတွေ ကျင့်သုံးကြည့်ပါ။

play

 

ဘဝမှာ မျှော်မှန်းထားတာတွေရှိတယ်၊ ကြိုးစားခဲ့တာတွေရှိတယ်၊ ဒါပေမဲ့ မအောင်မြင်ဘဲ ရှုံးနိမ့်နေတယ်လို့ ခံစားနေရသူတွေအတွက်ဖြစ်ပါတယ်။

တာဝန်ယူ

ပထမဆုံးလုပ်ရမှာက ကိုယ့်အားနည်းချက်တွေအတွက် တာဝန်ယူလိုက်ပါ။ ကိုယ့်မှာ အားနည်းချက်တွေရှိတယ်ဆိုတာ လက်ခံလိုက်ပါ။ ဒီအားနည်းချက်ပေါ်မှာ နေထိုင်မယ့်အစား အားနည်းချက်ကို ပြင်ဖို့ အရင်စဉ်းစားပါ။

ပြန်လာမယ်

ကိုယ့်ကိုယ်ကိုယ် အထင်မသေးပါနဲ့။ ကိုယ့်ကိုယ်ကိုယ် လုံလောက်တဲ့ အားပေးမှုလည်း လိုပါတယ်။ အားဖြစ်စေတဲ့ သူငယ်ချင်း၊ အပေါင်းအသင်းမျိုးလည်း လိုပါတယ်။ ရှုံးနိမ့်သွားပြီလို့ ခံစားလိုက်ရတဲ့အချိန်မှာ လူက ဘာလုပ်လို့ လုပ်ရမှန်း မသိဖြစ်သွားပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်ပုံချနေတတ်ပါတယ်။ ခဏလောက်အချိန်ယူလိုက်ပါ။ အားသစ်ပြန်မွေးပါ။ မှားခဲ့တာကို သင်ခန်းစာယူပါ။

ပြင်ဆင်

play

 

အချိန်ယူပြီးလို့ တည်ငြိမ်သွားပြီဆိုရင်တော့ ဘာကြောင့် မအောင်မြင်ခဲ့တာလည်း ဆိုတာကို သုံးသပ်ရပါမယ်။ အရမ်းမြင့်တာကြီးကို မှန်းခဲ့လို့လား၊ အချိန်မကျသေးဘဲ စိတ်လောခဲ့တာလား။ အချိန်ယူစဉ်းစားပြင်ဆင်ပါ။ လိုအပ်ချက်ရှိရင် ဖြည့်ဆည်းပါ။

တစ်လမ်းသွား

တစ်လမ်းသွားလည်း မတွေးပါနဲ့။ ဘဝက ကြိုးဝိုင်းထဲမှာ သူတင်ကိုယ်တင် နှစ်ယောက်ထဲ ထိုးနေရတဲ့ ဂိမ်းမဟုတ်ပါဘူး။ တခြားနယ်ပယ်တွေ၊ တခြားရွေးချယ်စရာတွေ အများကြီးပါ။ အရေးကြီးတာက ကြိုးဝိုင်းထဲက ခဏထွက် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ဖို့ပါ။ အမြင်ကျယ်ပါ။

ပြောင်းလဲ

play

 

ကျရှုံးရတဲ့ ကိစ္စရပ်တော်တော်များများဟာ သူတို့နှစ်ပေါင်းများစွာလုပ်လာတဲ့ အလေ့အကျင့်တွေကို မစွန့်လွှတ်နိုင်လို့ပါ။ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲရမယ်ဆို တကယ်ရေတိုရေရှည် ရည်မှန်းချက်ချပြီး ပြောင်းလဲပါ။

Photos & Source: Success

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ