Lifestyle: စကားပြောရင် လုပ်လေ့ရှိတဲ့ အမှား (၅) ခု

စကားပြောရင် ရှောင်သင့်တဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

play

 

ကြားဖြတ်စကားလုံးများ

"အင်း"၊  "ဘယ်လိုပြောရမလဲ" ၊ "ပြောရမယ်ဆိုရင်" စတဲ့ စကားတွေကို မဆိုင်ဘဲနဲ့ ခဏခဏ သုံးမိနေတာ မကောင်းပါဘူး။  ဒီလိုစကားလုံးတွေ နည်းနည်းပါးပါး သုံးတာဟာ သင့်ရဲ့ကိုယ်ပိုင်စတိုင် ဖြစ်စေပါတယ်။ ဒါပေမဲ့ အမြောက်အများ သုံးရင်တော့ တစ်ဖက်လူက သင်ပြောတဲ့စကားတွေပေါ်အာရုံစိုက်မှု လျော့နည်းပါတယ်။ သင့်အပေါ် အထင်အမြင်လည်း မကောင်းနိုင်ပါဘူး။

အသံ အနိမ့်အမြင့်

ခံစားချက်အလိုက်သာ အသံအနိမ့်အမြင့် ရှိသင့်ပြီး တမင်တကာ လုပ်ယူခြင်းမျိုးဟာ ရုပ်ဆိုးပါတယ်။

play

 

မြန်ခြင်း

စကားမြန်မြန် ပြောတာထက် ထိထိရောက်ရောက်နဲ့ ပုံမှန်ပြောတာ ပိုကောင်းပါတယ်။ ပုံမှန်ပြောတဲ့စကားဟာ တစ်ဖက်လူရဲ့ နားထဲကို ရှင်းလင်းစွာ ဝင်သွားပြီး ထိရောက်မှု ပိုရှိပါတယ်။

ဟန်

ဟန်မပါဘဲ ပြောတာ မကောင်းပါဘူး။ မျက်နှာအမူအရာ၊ လက်ဟန် ခြေဟန် ဒါတွေ ပါသင့်ပါတယ်။ ဒီလိုမှ မဟုတ်ရင် သင့်စကားဟာ ပျင်းစရာကြီး ဖြစ်နေပါတယ်။ ဟန်မများဖို့လည်း လိုပါတယ်။ မသိမသာလေး ဖြည့်ပေးရုံပါ။

play

 

ဗလုံးဗထွေး

ဗလုံးဗထွေးပြောခြင်းဟာ စိုးရိမ်မှုရဲ့ လက္ခဏာဖြစ်ပါတယ်။ ဒီလိုပြောခြင်းကြောင့် သင်က တစ်ခုခုကို အမြဲ ရှုပ်ထွေးစိုးရိမ်နေသူလို့ တစ်ဖက်က ခံစားရပါတယ်။

Photos & Source: Success

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ