AD
AD
AD
play

 

ပေါင် ၃၀၀ လောက် အလေးချိန်ရှိတဲ့ ဝက်ဝံကြီးတစ်ကောင်နဲ့ ညစာအတူစားမယ်ဆိုရင် ကိုယ်သာလျှင် သူ့ရဲ့ညစာ ဖြစ်သွားနိုင်ပါတယ်။ ဒါပေမဲ့ ရုရှားစုံတွဲတစ်တွဲအတွက်တော့ ဒါဟာ နေ့စဉ်ပြုမူနေတဲ့ အလေ့အထတစ်ခုပါပဲ။

play

 

Svetlana နဲ့ Yuriy Panteleenko တို့ စုံတွဲက စတီဖန်ဆိုတဲ့ ဝက်ဝံကြီးတစ်ကောင်နဲ့ တစ်အိမ်တည်း အတူနေကြသူတွေပါ။ စတီဖန်အသက် ၃ လသား အရွယ်ကတည်းက မွေးမြူခဲ့ရာက ခုဆို ၂၃ နှစ်တောင် ရောက်လာပါပြီ။ အလေးချိန်ကတော့ ပေါင် ၃၀၀ တောင် ရှိလာပါတယ်။

play

play

 

မတ်တပ်ရပ်လိုက်ရင် ၇ ပေကျော် မြင့်မားတာကြောင့် စတီဖန်က အရွယ်ရောက်ပြီးဝက်ဝံကြီးတစ်ကောင်ဘဝကို ရောက်နေပါပြီ။ အိမ်မှာတော့ ကလေးလိုပါပဲ။ ထွေးပွေ့ခံရတာ နှစ်သက်သလို ညနေခင်းတွေမှာဆိုလည်း ဆိုဖာပေါ်မှာလှဲပြီး တီဗွီကြည့်ပါသတဲ့။

play

 

သူက အိမ်အလုပ်တွေကိုလည်း ကူညီပေးသူပါ။ ပန်းပင်တွေကိုလည်း ကူညီရေလောင်းပေးတယ်လို့ သိရပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD