AD
AD
AD
play

 

ရိုးသား

သင့်အရှိတိုင်းပဲ ပြောပါ။ ဘာမှ လိမ်ညာမပြောပါနဲ့၊ တီထွင်မဖန်တီးပါနဲ့။ သင်ပြောတဲ့စကားတွေပေါ် သင်ကိုယ်တိုင်က ရိုးသားမှုမရှိဘူးဆိုရင်တော့ တစ်ဖက်လူက သင့်အပေါ် ယုံကြည်ဖို့ ခက်ခဲပါတယ်။

ဥပမာ

တခြားလူတွေကို အားပေးစကားပြောနေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဥပမာအဖြစ်မပေးပါနဲ့။ ငါဆိုရင်ဘယ်လို၊ ငါ့တုန်းကဆို ဘယ်လိုဆိုတဲ့ စကားမျိုး မပြောပါနဲ့။

play

 

စိတ်ဓာတ်မာပါ

လူတစ်ယောက်ကို အားပေးနေတဲ့အချိန်မှာ သင့်ဘက်ကစိတ်ဆိုးတာမျိး၊ ဒေါသထွက်တဲ့ အမူအရာမျိုး မပြပါနဲ့။ သူတို့ဟာ ခက်ခဲတဲ့အခြေအနေ တစ်ခုကို ရင်ဆိုင်နေရတာ ဖြစ်ပြီး တည်ငြိမ်တဲ့ လူမျိုးကို မြင်ချင်တာ ဖြစ်ပါတယ်။

အကောင်းဆုံးမျှော်လင့်

သူတို့ကို မလေးမစား ပြောတာမျိုး မလုပ်ပါနဲ့။ တစ်ဆင့်နှိမ့်ပြောတာမျိုး မလုပ်ပါနဲ့။ သူတို့လုပ်ချင်တဲ့ ပန်းတိုင်ကိုပဲ ရောက်အောင်သွားဖို့ မျှော်လင့်နေကြောင်း ပြောဆိုသင့်ပြီး ဒီထက်တစ်ဆင့်နိမ့်တဲ့ ရည်မှန်းချက်မျိုး လုပ်ဖို့ဆိုတာမျိုးကို မပြောပါနဲ့။

လက်ခံ

သူတို့မှာ ပြဿနာ တစ်ခု ကြုံနေရပြီဆိုရင် ဒီပြဿနာ သူတို့မှာ ရှိနေကြောင်း လက်ခံလာအောင် အရင်လုပ်ပါ။ ပြဿနာကို ရှောင်လွှဲဖို့ လက်မခံဘဲ ရှောင်လွှဲဖို့ ကြိုးစားနေတာကြောင့် စိုးရိမ်ပူပန်သောကတွေ များနေရတာ ဖြစ်ပါတယ်။ ပြဿနာကိုလက်ခံနိုင်ပြီဆိုတာနဲ့ ဒီပြဿနာတွေဟာ သေးသွားသလို ခံစားရပါတယ်။

play

 

နမူနာ

သမိုင်းထဲကအဖြစ်အပျက်တွေ၊ ပုဂ္ဂိုလ်တွေနဲ့ လူကြိုက်များတဲ့ ပုဂ္ဂိုလ်တွေ၊ အကြောင်းအရာတွေကို ဥပမာပေးပြောကြားတာဟာ ထိရောက်ပါတယ်။ ဘယ်လို အဖြစ်အပျက်၊ ဘယ်လိုလူကို ရွေးပြီး ဘယ်လိုပြောရမယ်ဆိုတာကိုတော့ အားပေးတဲ့လူက ရွေးချယ်တတ်ဖို့ လိုပါတယ်။

မျှော်လင့်ချက်

မျှော်လင့်ချက်ရှိလာအောင် ပြောရမှာ ဖြစ်ပါတယ်။ မျှော်လင့်ချက်ပျောက်နေရင် သူတို့မျှော်လင့်ခဲ့တာတွေက ဘာဖြစ်ပြီး ဒီအရာတွေကို ရယူလို့ ရသေးကြောင်း ပြောရမှာ ဖြစ်ပါတယ်။

Photos & Source : wiki How

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle

AD