Lifestyle: အသက် လေးဆယ်ကျော်ရင် ရှောင်သင့်တဲ့ အစားအစာ(၃) မျိုး

, updated

စားဖြစ်နေတယ်ဆိုရင်လည်း လျော့စားသင့်တဲ့ အစားအစာတွေ ဖြစ်ပါတယ်။

play

 

အဆီများတဲ့ နို့ထွက်ပစ္စည်း

နို့ဟာ အရိုးတွေကို သန်မာတယ်ဆိုပေမဲ့ နို့နဲ့ပတ်သက်တဲ့ အဆီများ ထုတ်ကုန်တွေကို ရှောင်သင့်ပါတယ်။ သွေးတွင်း ကိုလက်စထရောတွေကို မြင့်တက်ပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။ ဆဲလ်တွေရဲ့ ရင့်ရော်မှုကိုလည်း ပိုစေပါတယ်။

အချိုရည်

play

 

ဆိုဒါပါတဲ့ အရည်တွေ ဖြစ်ပါတယ်။ ဆိုဒါအများအပြားပါတဲ့ အရည်တွေကို သောက်ခြင်းဟာ ဟန်ချက်ညီနေတဲ့ ကယ်စီယမ်ဓာတ်ကို ပျက်ပြားစေပါတယ်။ ဒါ့အပြင် ဆိုဒါပါတဲ့ အရည်တွေဟာ သွားကျန်းမာရေးကို ထိခိုက်စေပါတယ်။

ဆားများတဲ့ အစားအသောက်

play

 

အသက်ကြီးလာတဲ့အခါမှာ ဆားကိုလည်း လျှော့စားသင့်ပါတယ်။ ဆားဟာ အရေပြားမှာ ရှိတဲ့ ရေဓာတ်ကို ခန်းခြောက်စေပြီး ပိုမို အိုမင်းပါတယ်။ မျက်လုံးက မျက်အိတ်တွေကိုလည်း တွဲစေပါတယ်။

Photos & Source: eHow

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ