Lifestyle: ရေရှည်လက်တွဲဖြစ်တဲ့ အတွဲတွေရဲ့ လျှို့ဝှက်ချက် (၁၁) ခု

play

 

၁ - တစ်ယောက်ကို တစ်ယောက်လေးစားမှုရှိတဲ့ အချက်တွေ ရှိပါတယ်။ လေးစားမှုက တစ်ဖက်က တစ်ဖက်ကိုပဲ စီးနေတဲ့ အတွဲမဟုတ်ပါဘူး။

၂ - အတူရယ်စရာတွေ အမြဲရှိနေပါတယ်။

၃ - မှားမှားမှန်မှန် အရင်ဆုံးကိုယ့်လူဘက်က ထောက်ခံပါတယ်။

play

 

၎ - တွဲလာတာကြာလာလေ ပိုယုံကြည်လာလေ ဖြစ်ပါတယ်။ ကြာလေ သံသယတွေ ကင်းစင်လာလေပါပဲ။

၅ - တစ်ယောက်ယောက်က အမှားလုပ်ရင် ခွင့်လွှတ်ရုံတင်မကဘူး အဲဒီ့အမှားကို မေ့ပါ မေ့သွားတတ်ကြပါတယ်။

၆ - အတိတ်ကို အတိတ်မှာပဲ ထားပါတယ်။

၇ - အရှိတိုင်းလက်ခံပါတယ်။ ကိုယ်ကြိုက်တဲ့ တစ်ဖက်ကပြောင်းအောင် ဖိအားမပေးပါဘူး။

play

 

၈ - အားပေးတတ်သူဖြစ်ပြီး သင့်ကို မှတ်ချက်တွေပေးပြီး ဝေဖန်နေသူ မဟုတ်ပါဘူး။

၉ - ပြဿနာတစ်ခုဖြစ်လာရင် ဝေ့ဝိုက်မနေဘဲ ရိုးရိုးသားသားရင်ဆိုပါတယ်။

၁၀ - အယူထက် အပေးများသူတွေ ဖြစ်ပါတယ်။

play

 

၁၁ - စားသောက်ဆိုင်သစ်၊ သီချင်းသစ်၊ အတွေ့အကြုံသစ် စတဲ့ အသစ်တွေကြုံလာရတဲ့အခါ အတူတကွခံစားဖို့ အရင် တွေးတတ်ပါတယ်။

Photos & Source: Lifehack

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ