Lifestyle: လက်သည်းပုံစံကပြောတဲ့ သင့်ရဲ့ ပင်ကိုဗီဇ စရိုက်လက္ခဏာ

သင့်ရဲ့ လက်သည်းက ဘယ်လိုပုံစံမျိုးပါလဲ။ တိုက်ဆိုင် ဆန်းစစ်ကြည့်လိုက်ပါ။

play


လက်သည်းပုံစံတွေက လူတစ်ယောက်ရဲ့ ပင်ကိုဗီဇ စရိုက်လက္ခဏာကို အထိုက်အလျောက် ဖော်ပြနိုင်တယ်လို့ ဆိုပါတယ်။ သင့်ရဲ့ လက်သည်းက ဘယ်လိုပုံစံမျိုးပါလဲ။ တိုက်ဆိုင် ဆန်းစစ်ကြည့်လိုက်ပါ။

play


၁။ လက်သည်းပုံစံဟာ နံပါတ် ၁ မှာ ဖော်ပြထားသလို ရှည်လျားပြီး လေးထောင့်ပုံစံဖြစ်တယ်ဆိုရင် သင်ဟာ ရွှင်ရွှင်ပြပြနဲ့ တက်ကြွသူဖြစ်ပြီး လူမှုဆက်ဆံရေးလည်း ကောင်းမွန်သူပါတဲ့။ ဒါ့အပြင် ဦးနှောက်ကောင်းပြီး စေ့စပ်တိကျကာ အသေးစိတ်ကအစ ဂရုစိုက်တတ်သူ ဖြစ်ပါတယ်။

play


၂။ ပုံ ၂ မှာ ပြထားတဲ့ လက်သည်းပုံစံမျိုး ပိုင်ဆိုင်သူကတော့ အကောင်းဆုံး ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသူလို့ ဆိုပါတယ်။ ဒီလို လက်သည်းပိုင်ရှင်ဟာ တစ်စုံတစ်ရာ မပြောဆိုမီ နှစ်ကြိမ်လောက် စဉ်းစားတတ်သူမျိုးလည်း ဖြစ်ပါသတဲ့။

play


၃။ တိုတိုတုတ်တုတ်နဲ့ အတန်ငယ်လုံးဝိုင်းတဲ့ လက်သည်းပုံစံ ပိုင်ရှင်တွေဟာ စိတ်အားထက်သန်သူ၊ သူများထက်ထူးခြားပြီး တီထွင်ဖန်တီးမှု အားကောင်းသူတွေလို့ ဆိုပါတယ်။

play


၎။ ပုံ ၂ မှာလို မညီမညာနဲ့ ခပ်တိုတို လက်သည်းရှိသူတွေက နှလုံးသားဖြင့် ခံစားတတ်သူတွေဖြစ်ပြီး သူတစ်ပါးအပေါ် စာနာတတ်သူတွေလို့ ဆိုပါတယ်။ သူတို့ဟာ အရာရာကိုလည်း ဂရုတစိုက်ရှိတတ်ပါတယ်။

play


၅။ အကယ်၍ သင့်ရဲ့ လက်သည်းတွေဟာ ညီညာပြီး စတုရန်းပုံစံဖြစ်နေတယ်ဆိုရတော့ သင်ဟာ ပြတ်သားသူတစ်ယောက်ပြီး ပင်ကိုဗီဇမှာပင် ခေါင်းဆောင်အရည်အသွေး ပါဝင်လာသူဖြစ်ပါတယ်။ ဒါ့အပြင် အလုပ်ကို ပြင်းပြင်းထန်ထန် လုပ်ကိုင်တတ်တဲ့ စိတ်ထားရှိသူပါတဲ့။

play


၆။ ပုံ ၆ မှာလို တြိဂံပုံစံ လက်သည်းပိုင်ရှင်တွေဟာ အလွန် တိကျပြတ်သားပြီး ရဲရင့်သူတွေဖြစ်ပါတယ်။ သူတို့ဟာ ခေါင်းမာတတ်ပြီး တစ်စုံတစ်ခုအပေါ် စိတ်ဆန္ဒ ပြင်းထန်တတ်သူတွေပါ။

play


၇။ ရှည်လျားပြီး ဘဲဥပုံစံရှိတဲ့ လက်သည်းပိုင်ရှင်တွေကတော့ ပင်ကိုဗီဇအရကို ဉာဏ်ကွန့်မြူးမှု အားကောင်းလေ့ရှိပါတယ်။ သူတို့ဟာ ဖန်တီးနိုင်မှုရှိပါတယ်။ ဒါ့အပြင် တည်ငြိမ်အေးဆေးပြီး ချောမောလှပသူတွေ ဖြစ်ပါသတဲ့။

play


၈။ ပုံ ၈ မှာလို လက်သည်းပိုင်ရှင်ဖြစ်မယ်ဆိုရင် သင်ဟာ ကိုယ့်ဘဝကို ကိုယ်တိုင် ပုံဖော်သူဖြစ်ပြီး သာမန်အတိုင်းဆိုတာကို မလိုချင်သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
Source & Photo: Tech & Facts

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ