Lifestyle: ရယ်သောသူ အသက်ရှည်၏

Duwun ပရိသတ်တွေရဲ့ ဘဝအမောတွေ ခဏာတာဖြစ်ဖြစ် ပြေပျောက်စေဖို့အတွက် ရယ်စရာလေးတွေပါ။

play

ဖွေးဖွေးဖြူ

အမေ - သမီး ပြဿနာလုပ်တိုင်း အမေ့ခေါင်းမှာ ဆံပင်ဖြူတစ်ချောင်းပေါက်တယ် သိလား။
သမီး - ဟုတ်လား မေမေ။ ဒါဆို မေမေ ငယ်ငယ်တုန်းက ပြဿနာ တော်တော်ရှာခဲ့ပုံပဲ။ ဘွားဘွား တစ်ခေါင်းလုံး ဖြူနေတာပဲနော်။

အလှဆုံးအမျိုးသမီး

အရက်မူးပြီး ပြန်လာသော ယောက်ျားကို မိန်းမဖြစ်သူက အိမ်တံခါးပိတ်ထားရာ ...
ယောက်ျား - မိန်းမရေ ... တံခါးဖွင့်ပါကွာ ... ကမ္ဘာပေါ်က အလှဆုံး အမျိုးသမီးအတွက် စိန်လက်စွပ်တစ်ကွင်း ငါဝယ်လာတယ်။
မိန်းမက တံခါးဖွင့်ပြီး မေး၏။
မိန်းမ - ဘယ်မှာလဲ စိန်လက်စွပ်။
ယောက်ျားက ပြန်ဖြေသည်။
ယောက်ျား - ဘယ်မှာလဲ ကမ္ဘာပေါ်က အလှဆုံး အမျိုးသမီး။

ရှက်လို့

သမီး - ဒီနေ့ အရှက်ပြိုင်ပွဲမှာ သမီး ပထမဆုရတယ် မေမေ။
အမေ - ဟုတ်လား။ ဘာတွေဆုချတာလဲ သမီး။
သမီး - မသိဘူး မေမေ။ ရှက်တာနဲ့ ဆုတက်မယူခဲ့ဘူး။

play

အမေးနဲ့အမေး

ပထမလူ - မင်း သင်္ဘောစီးပြီး ခရီးသွားနေတာ ကြာပြီ ... အခုထိ ရေမကူးတတ်သေးဘူးလား။
ဒုတိယလူ - ခင်ဗျားရော လေယာဉ်ပျံစီးပြီး ခရီးသွားနော အခုထိ မပျံတတ်သေးဘူးလား။

ဆင်းသက်တာ

ဆရာမ - ကလေးတို့ရေ ... လူဆိုတာ ဘယ်က ဆင်းသက်တာလဲ။
ကျောင်းသားများ - လှေကားပေါ်ကပါ ဆရာမ။

အတု အတုချင်း

သာဂိက လေယာဉ်အရုပ်တစ်ရုပ်သွားဝယ်သည်။ စိတ်ကြိုရွေးပြီးနောက် ငါးထောင်တန်ပေးကာ ရှင်းလိုက်၏။
ဆိုင်ရှင် - ဟေ့ကောင်လေး ... မင်း ပိုက်ဆံက အတုကြီးကွ။
သာဂိ - ခင်ဗျားတို့ လေယာဉ်ကရော အစစ်မို့လို့လား။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ