Lifestyle: အကြီးဆုံး သားသမီးတွေပဲ နားလည်နိုင်မယ့် ဒုက္ခ (၇) ခု

မွေးချင်ညီအစ်ကို မောင်နှမတွေထဲမှာ အကြီးဖြစ်ရတဲ့ ဒုက္ခကလည်း မသေးလှပါဘူး။

play

 

မွေးချင်း ညီအစ်ကို မောင်နှမတွေထဲမှာ အကြီးဆုံး သားသမီးဖြစ်ရတာ လွယ်ကူလှတာ မဟုတ်ပါဘူး။ အထူးသဖြင့် ကိုယ့်ထက်ငယ်တဲ့ မွေးချင်းညီအစ်ကို မောင်နှမတွေက တစ်ယောက်ထက်မက

ရှိနေတဲ့အခါ ပိုပြီးအခက်တွေ့ရလေ့ရှိပါတယ်။

မွေးချင်းထဲမှာ အကြီးဆုံးသားသမီးတွေသာ နားလည်နိုင်မယ့် အရာ (၁၀) ခုရှိပါတယ်။

၁။ ကိုယ်အမြဲ မှားတယ်

play

 

သင့်ထက်အငယ်က အမှားလုပ်မိလည်း မိဘတွေက ဆုံးဖြတ်တဲ့အခါ သင်အမြဲမှားတယ်ဆိုတာပါပဲ။

၂။ ကိုယ်က သွားစလို့မရဘူး။

သူတို့ ကိုယ့်ကို အရင်လာစရင်လို့ ရန်ဖြစ်ရင်နောက်ဆုံးမှာ ကိုယ်ပဲအပြစ်ရှိတယ်လို့ မိဘတွေဆုံးဖြတ်ပါတယ်။ ကိုယ်သွားစလည်း ကိုယ့်အလွန်ပဲလို့ ပြောပါတယ်။

၃။ အခွင့်အရေး သိပ်မရဘူး

သင်ငယ်ငယ်တုန်းက ငယ်သေးလို့ လူကြီးတွေက ပေးမလုပ်ခဲ့တဲ့အရာတွေကို သင့်အငယ်တွေက အဲဒီအသက်အရွယ်မှာ လုပ်နေကြပါပြီ။

၎။ အိမ်အလုပ် သင်ပဲ လုပ်ရတယ်

သင်ကအကြီးဖြစ်တဲ့အတွက် မိဘတွေ မအားတဲ့အခါ  အိမ်အလုပ်ကို သင်ပဲ လုပ်ရတယ်။ သူတို့ကတော့ သင့်လိုမလုပ်ရဘူး။

၅။ မကြိုက်တာလုပ်မိရင် ပိုအဆူခံရတယ်

play

 

သင့်တုန်းက မိဘတွေမကြိုက်တာလုပ်မိရင် တစ်ပတ်လောက် အပြင်မထွက်ရတော့ဘူး။ ဥပမာ လူငယ်ဘဝမှာ ပထမဆုံး အရက်သောက်မိတာမျိုးပေါ့။ သူတို့အလှည့်ကျတာ ဒါမျိုးက မိဘတွေအတွက် ရယ်စရာဖြစ်နေရော။

၆။ ရည်းစားထားမိရင် အတိုင်ခံရတယ်

သင်ရည်းစားထားတာ သင့်အငယ်တွေ သိသွားရင် သူတို့ မိဘတွေကို ပြန်ပြောဖို့ သေချာသလောက်ပါပဲ။ သူတို့အလှည့်ကျတော့ သင်ကိုယ်တိုင်က ဖုံးဖုံးဖိဖိ လိုက်လုပ်ပေးရတယ်။

၇။ သူတို့က သင့်ထက်ပိုသိတယ်

play

 

သင်ငယ်ငယ်တုန်းက သူတို့အသက်အရွယ်မှာ မသိခဲ့တဲ့ အရာတွေသူတို့က သိနေပြီ။ ဥပမာ ဂိမ်းကစားတဲ့နေရာမှာ သင့်ထက်ပိုတော်မယ်။ iPhone၊ iPad လို smar device တွေသုံးတဲ့နေရာမှာ သူတို့က သင့်ထက်အများကြီးတော်နေမှာပါ။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ