Lifestyle: ဘဝတစ်လျှောက်လုံးမှာ ဘယ်တော့မှမလုပ်သင့်တဲ့အရာ (၈) ခု

အလုပ်မှာ၊ ဘဝမှာ တစ်စုံတစ်ယောက်ကို အလုံးစုံမှီခိုနေရတာက သင့်ရဲ့အစွမ်းအစတွေ ပျောက်ကွယ်သွားစေနိုင်ပါတယ်။

play

 

၁။ ကိုယ့်ကိုယ်ကိုယ် မလိမ်ပါနဲ့

ကိုယ်မနှစ်သက်တဲ့အရာကို နှစ်သက်တယ်လို့ ကိုယ့်ကိုယ်ကိုယ် လိမ်လည်နေခြင်းက တစ်ချိန်မှာ ဆိုးဆိုးရွားရွား အဆုံးသတ်သွားနိုင်ပါတယ်။ ကိုယ်ဖြစ်ချင်တာကို သိအောင်ကြိုးစားပါ။ ဘယ်တော့မှ ကိုယ့်ကိုယ်ကိုယ် မလိမ်ပါနဲ့။

၂။ ငါမတတ်နိုင်ဘူးလို့ မပြောပါနဲ့

ဒါက အရမ်းခက်တယ်၊ မလုပ်နိုင်ဘူး၊ မတတ်နိုင်ဘူးလို့ချည်း ပြောမနေပါနဲ့။ အခက်အခဲဆိုတာ ကျော်လွှားသွားရင် ရတာပဲမဟုတ်လား။ နောင်မှာ အခက်အခဲကြုံလာတဲ့အခါ မတတ်နိုင်ဘူးလို့ တွေးမယ့်အစား ဘာကြောင့်မလုပ်နိုင်ရမှာလဲဆိုပြီး ကြိုးစားသင့်ပါတယ်။

play

 

၃။ ပန်းတိုင်မရှိဘူး

ရည်မှန်းချက်ပိုင်းတိုင်ဟာ သင့်ကိုအာရုံစုစည်းမှုဖြစ်စေပြီး ဘဝမှာ အရေးပါတဲ့အရာပါ။ သင့်ဘဝ ပိုပြီးပြည့်စုံဖို့၊ ပိုအဓိပ္ပာယ်ရှိဖို့ ပန်းတိုင်တွေချမှတ်ရပါမယ်။

၎။ တစ်စုံတစ်ယောက်ကို မှီခိုတာ

ကိုယ်ပိုင်အရည်အချင်းရှိသူတိုင်း အခြားလူကို မမှီခိုပါဘူး။ အလုပ်မှာ၊ ဘဝမှာ တစ်စုံတစ်ယောက်ကို အလုံးစုံမှီခိုနေရတာက သင့်ရဲ့အစွမ်းအစတွေ ပျောက်ကွယ်သွားစေနိုင်ပါတယ်။ အချစ်ရေးမှာလည်း သူ့ကိုပဲ မှီခိုနေလို့ မဖြစ်ပါဘူး။ ကိုယ့်စိတ်ကို သေသေချာချာပိုင်းဖြတ်ပြီး ရှေ့ဆက်သင့်သလား၊ လက်တွဲဖြုတ်ကြမလားဆိုတာ ကိုယ်တိုင်ပဲဆုံးဖြတ်ပါ။

play

 

၅။ အစွဲအလမ်းကြီးလွန်းတာ

အခြားလူတွေရဲ့ အပြောအဆို၊ မှတ်ချက်တွေကို အကြီးအကျယ် ခံစားမနေပါနဲ့။ အထူးသဖြင့် လူမှုကွန်ရက်ပေါ်က သင့်အကြောင်းပြောနေကြတာတွေအပေါ် သိပ်ယုံဖို့မကောင်းပါဘူး။ ကိုယ်လုပ်စရာရှိတာလုပ်ပြီး ကိုယ့်ဘဝကိုယ်ဆက်ရုံပေါ့။

၆။ အမှားတွေထဲမှာ ငြိတွယ်နေတာ

အမှားဆိုတာ ဘဝမှာ ဖြစ်ပျက်လေ့ရှိတဲ့အရာပါ။ အမှားတွေရှိနေခြင်းကိုက စစ်မှန်တဲ့ဘဝလို့ ခေါ်ကြသေးတာပဲ။ ကိုယ့်ရဲ့အတိတ်က အမှားကိုပဲ သိမ်းပိုက်ထားပြီး ရှေ့မဆက်နိုင်ဘူးဆိုရင် ဘဝမှာ လူဖြစ်ရှုံးရပါလိမ့်မယ်။ အမှားတွေကို သင်ခန်းစာယူလိုက်ပါ။

play

 

၇။ ဖြုန်းတီးတာ

ရတဲ့ငွေနဲ့ သုံးတဲ့ငွေ ချင့်ချိန်တတ်ရပါမယ်။ ကိုယ့်မှာမရှိဘဲ လိုချင်ဇောနဲ့ ဝယ်လိုက်လို့ အကြွေးတလည်လည်ဖြစ်နေတာ သိပ်ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူးပေါ့။ ဝင်ငွေကိုကြည့်ပြီးမှ လိုချင်တဲ့ပစ္စည်းရဲ့ လိုအပ်ချက်ပမာဏပေါ် ချင့်ချိန်မှငွေကြေးစုဆောင်းနိုင်မှာပါ။

၈။ လက်ရှိအလုပ်ကို ရေရှည်မြဲမယ်လို့တွေးတာ

ဒီအလုပ်က ကောင်းလို့၊ ကိုယ်သဘောကျလို့ စသဖြင့် အကြောင်းအမျိုးမျိုးနဲ့ အလုပ်ကိုတွယ်တာလွန်းမနေပါနဲ့။ ဒီအလုပ်မှာ ကိုယ်က တစ်သက်လုံးလုပ်သွားရမယ်လို့ ဘယ်သူကမှ အာမခံနိုင်ဘူးလေ။ ကိုယ့်မှာ ဒီအလုပ်အပြင် အခြားရပေါက်ရလမ်းတွေကိုလည်း ရှာဖွေထားဖို့လိုပါတယ်။ ဘယ်အရာမှ မမြဲတာကို သတိထားပြီး ဒီအလုပ်မရှိရင် ဘာလုပ်မလဲဆိုတာ ခေါင်းထဲမှာကြိုတွေးထားရပါလိမ့်မယ်။

Source : Indy 100

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ