Lifestyle: ကျန်းမာရေးကောင်းဖို့ ရယ်လိုက်ပါ

Duwun ပရိသတ်တွေရဲ့ ဘဝအမောတွေ ခဏတာဖြစ်ဖြစ် ပြေပျောက်စေဖို့အတွက် ရယ်စရာလေးတွေပါ။

play

ငိုရတယ်

ပထမလူ - မနေ့ညက စာအုပ်တစ်အုပ်ဖတ်ရင်း မျက်ရည်ကျရတယ်ကွာ။
ဒုတိယလူ - ဟုတ်လား ... ဘယ်စာရေးဆရာ ရေးတဲ့ စာအုပ်လဲ သူငယ်ချင်း။
ပထမလူ - ငါ့ရဲ့ဘဏ်စာအုပ်ပါကွာ။

နင့်အလှည့်

ရိုစီ - နင်ငါ့ကို သစ္စာဖောက်တယ် ... ရောဘတ်။
ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ချိန်ထားတဲ့ ကောင်မလေး ရိုစီက ပြောသဖြင့် ရောဘတ်က ထိတ်ထိတ်ပျာပျာဖြင့် -
ရောဘတ် - မလုပ်ပါနဲ့ ရိုစီရယ်။
ရိုစီ - ပါးစပ်ပိတ်ထား ... ငါ့ကိုယ်ငါပစ်သတ်ပြီးရင် နင့်ကို ပစ်သတ်မှာ။

သွားမို့လို့

သွားရောဂါကု ဆရာဝန်က အားနာသံဖြင့် ပြောသည်။
ဆရာဝန် - ဆောရီးပဲဗျာ။ ကောင်းနေတဲ့သွားကို ကျွန်တော် မှားပြီးနုတ်မိတယ်။ နာနေတဲ့ ခင်ဗျားသွားကို ထပ်နုတ်ရလိမ့်မယ်ဗျ။
ရှုံ့မဲ့နေတဲ့ လူနာက ပြန်ပြောသည်။
လူနာ - ဘယ်တတ်နိုင်မလဲ နုတ်ပေါ့။ အင်း ... ဒေါက်တာသာ မျက်စိဆရာဝန်ဆိုရင် ဒုက္ခ ...

play

မထားခဲ့ဘူး

ခရီးသည် အမျိုးသမီး - ပိုင်းလော့ကြီး ... ကျွန်မ လေယာဉ်ပျံ တစ်ခါမှမစီးဖူးလို့ ရင်တွေတုန်လိုက်တာရှင်။ ကျွန်မတို့ ခရီးသည်တွေအားလုံး ဘေးကင်းရန်ကင်းနဲ့ မြေပြင်ပေါ်ပြန်ရောက်မှာတော့ သေချာပါတယ်နော်။
ပိုင်းလော့ - စိတ်ချပါဗျာ။ ကျွန်တော် လေယာဉ်မောင်းလာတာကြာပြီ။ ဘယ်သူ့ကိုမှာ ကောင်းကင်ပေါ်မှာ မထားခဲ့ဖူးပါဘူး။

နားမလည်ဘူး

မိသားစုသုံးယောက် ညစာအတူတူစားနေကြသည်။ သားငယ်က ဖခင်ကို လှမ်းမေးသည်။
သားငယ် - ဖေဖေ ... ဖေဖေက ဘာလို့ မေ့မေ့ကို လက်ထပ်ခဲ့တာလဲ။
ယောက်ျားလုပ်သူက မိန်းမကိုလှည့်ပြောသည်။
ယောက်ျား - တွေ့လား ... ငါ့လုပ်ရပ်ကို ကလေးတောင် နားမလည်ဘူး။

နံပါတ်

ဆရာ - ကိုလံဘတ်ရဲ့နောက်မှာ (၁၄၅၁-၁၅၆၀) ဆိုပြီးပါတယ်။ အဲဒီဂဏန်းတွေရဲ့ အဓိပ္ပာယ်ကို သိလား။
ကျောင်းသား - အဲဒါ ကိုလံဘတ်ရဲ့ ဖုန်းနံပါတ်ပါ ဆရာ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ