Lifestyle: အလွန်ပူတဲ့ သောက်စရာတွေက အစာအိမ်ရေမျို ကင်ဆာ ဖြစ်နိုင်

အလုံခြုံဆုံးအပူချိန်ဟာ ၆၅ ဒီဂရီအောက် ဖြစ်တယ်လို့ သိရပါတယ်။

play

 

အလွန်ပူတဲ့ အရည်တွေကို သောက်တာဟာ အစာအိမ်ရေမျိုကင်ဆာ ဖြစ်နိုင်တယ်လို့ သိရပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ရဲ့ဖော်ပြချက်အရ ၆၅ ဒီဂရီဆဲလ်စီးယပ် အပူချိန်ထက်ကျော်တဲ့ အရည်တွေကို သောက်ခြင်းနဲ့ အစာအိမ်ရေမျို ကင်ဆာဖြစ်ခြင်းဟာ ဆက်စပ်မှုရှိတယ်လို့ သိရပါတယ်။  အလွန်ပူတဲ့ အရည်တွေဟာ လည်ချောင်းနဲ့ ပါးစပ်တွင်းသားတွေကို မခံရပ်နိုင်အောင် ဖြစ်စေခြင်းကနေ ကင်ဆာဟာ အစပြုလာတာ ဖြစ်ပါတယ်။

play

 

ဘယ်လို ရေအမျိုးအစားကို သောက်တယ်ဆိုတာထက် အပူချိန်ဘယ်လောက်ကို သောက်တယ်ဆိုတာက ပိုအရေးကြီးတယ်လို့ WHO ရဲ့ နိုင်ငံတကာ ကင်ဆာ သုတေသန အေဂျင်စီ ဒါရိုက်တာ ခရစ္စတိုဖာဝိုင်းက ပြောကြားထားပါတယ်။ အလုံခြုံဆုံးအပူချိန်ဟာ ၆၅ ဒီဂရီအောက် ဖြစ်တယ်လို့ သိရပါတယ်။

Photos & Source: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ