Lifestyle: ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးနေတဲ့ အလေ့အကျင့်တွေကို ဘယ်လို ဖျောက်ဖျက်မလဲ

ဒီအလေ့အကျင့်ကို သင်ကိုယ်တိုင်ဖန်တီးတာဖြစ်ပြီး အကျိုးဆက်ကိုလည်း တာဝန်ယူလက်ခံလိုက်ပါ။

play

 

၁ - ချရေး

လေ့လာချက်အချို့အရ လူတစ်ဦးဟာ ခံစားချက်တွေနဲ့ စိတ်အခြေအနေအချို့ကို ရှောင်လွဲချင်ရာကနေ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတဲ့ အလေ့အထတွေ ဖြစ်လာတာပါ။ ပထမဆုံးလုပ်ရမှာက အဆိုပါ အလေ့အထကို ချရေးရမှာ ဖြစ်ပါတယ်။ အရက်သောက်တယ်ဆိုရင် ဘာလို့ သောက်တယ်၊ ဘယ်သူတွေနဲ့သောက်တယ်၊ ဘာကြောင့် သောက်တယ်ဆိုတာကို ချရေးရပါမယ်။

၂ - ဆိုးကျိုး

ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကို ထိခိုက်တဲ့ အကျိုးဆက်တွေကို ချရေးပါ။ အလွန်အကျွံသောက်တာကြောင့် မပြောသင့်တာတွေကို ပြောမိတယ်၊ မလုပ်သင့်တာတွေကိုလည်း လုပ်မိတယ် စတဲ့ အချက်တွေကို  ချရေးပါ။

၃ - တာဝန်ယူ

ဖြစ်လာတဲ့ ဆိုးကျိုးတွေဟာ တစ်စုံတစ်ယောက်ကြောင့် ဆိုပြီး အပြစ်ပုံချတာမျိုး မလုပ်ပါနဲ့။ ဒီအလေ့အကျင့်ကို သင်ကိုယ်တိုင်ဖန်တီးတာဖြစ်ပြီး အကျိုးဆက်ကိုလည်း တာဝန်ယူလက်ခံလိုက်ပါ။

play

 

၎ - တွေးပုံပြောင်း

ဒီအလေ့အကျင့်ကို ထပ်လုပ်မိမယ့် တွေးခေါ်တဲ့ ပုံစံကိုလည်း ပြောင်းပါ။

၅ - လက်တွေ့

တွေးပုံခေါ်ပုံတွေ ပြောင်းပြီးပြီဆိုရင်တော့ လက်တွေ့လုပ်ရမှာ ဖြစ်ပါတယ်။ ဒီအလေ့အကျင့်ဖြစ်စေတဲ့ အခြေအနေတွေကို ရှောင်ရမှာ ဖြစ်ပါတယ်။

၆ - ငြင်း

အပေါင်းအသင်းတွေက ဒီအလေ့အကျင့်လုပ်ဖို့ ပြောရင် ငြင်းပါ။ ဒီအလေ့အကျင့်ကို ဖျောက်ဖျက်တော့မှာ ဖြစ်ကြောင်းလည်း ကြေညာထားပါ။

play

 

၇ - အလေ့အကျင့်သစ်

ကိုယ့်ကိုယ်ကိုယ်ကောင်းမွန်စေတဲ့ အလေ့အကျင့်သစ်နဲ့ အစားထိုးပါ။ ဥပမာ-အားကစားတစ်ခုခု လုပ်တာမျိုး ဖြစ်ပါတယ်။

၈ - ကျန်းမာရေး

အအိပ်မှန်၊ အစားမှန်ဖို့ အရေးကြီးပါတယ်။ ဒီလိုမှ မဟုတ်ရင် စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်လာပြီး အလေ့အကျင့်ဟောင်းဆီ ပြန်လှည့်သွားဖို့ ရှိပါတယ်။

play

 

၉ - နားလည်တဲ့ ချစ်သူ

နားလည်တဲ့ ချစ်သူတစ်ယောက်ရတာကလည်း အလေ့အကျင့်ဆိုးတွေကို ဖျောက်ဖျက်ပစ်နိုင်ပါတယ်။

Photos & Source: wikiHow

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ