Lifestyle: ပျင်းတဲ့အချိန်မှာ လုပ်ပေမဲ့ အကျိုး ဖြစ်ထွန်းတဲ့ အရာ (၃) ခု

အထီးကျန်ခြင်းဟာ အဝလွန်ခြင်းထက် လူကို ဆိုးကျိုး ပေးပါတယ်။

play

 

၁ - နားထောင်

အသိပညာဟာ လူတစ်ယောက်အတွက် အင်အားတစ်ခု ဖြစ်ပါတယ်။ သွားရင်းလာရင်း အသံသွင်းထားတဲ့ စာအုပ်တွေ နားထောင်သင့်ပါတယ်။ အင်္ဂလိပ်စာ လေ့လာနေသူတွေအတွက် အင်္ဂလိပ် သီချင်းတွေကို လေ့လာထားပြီး ပျင်းတဲ့အချိန်မှာ နားထောင်သင့်ပါတယ်။

၂ - ဂိမ်း

play

 

ဉာဏ်ရည်ဉာဏ်သွေးထက်မြက်အောင် ကစားရတဲ့ ဂိမ်းတွေ ရှိပါတယ်။  Lumosity လို ဂိမ်းမျိုးတွေက သင့်ဦးနှောက်ရဲ့ အလုပ်လုပ်ပုံကို မြန်ဆန်စေပါတယ်။

၃ - စကားပြော

play

 

ပျင်းရိချိန်မှာ တကယ်ရင်းတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောရတာ သင့်ကို အကျိုး ဖြစ်ထွန်းစေပါတယ်။ အထီးကျန်ခြင်းဟာ အဝလွန်ခြင်းထက် လူကို ဆိုးကျိုး ပေးတယ်လို့ သုတေသနတစ်ခုက ဆိုပါတယ်။ ပျင်းရိချိန်မှာ သူငယ်ချင်းတစ်ယောက်ဆီဖုန်းဆက်ပြီး ဆိုင်တစ်ဆိုင် ထိုင်ဖို့ ဝန်မလေးသင့်ပါဘူး။

Photos & Source: Lifehack

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ