Lifestyle: မနက်ခင်းတိုင်း ရေတစ်ဖန်ခွက်သောက်ရင် ရမယ့် အကျိုးကျေးဇူး (၇) ခု

မနက်ခင်းသောက်တဲ့ ရေတစ်ခွက်ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးဟာ ကြီးမားလှပါတယ်။

play

 

သင်ဟာ မနက်ခင်းမှာ ကော်ဖီတစ်ခွက်၊ ဒါမှမဟုတ် လက်ဖက်ရည်တစ်ခွက်လောက် အမြဲသောက်လေ့ရှိသူ ဖြစ်ချင်ဖြစ်မှာပါ။ ဒါပေမဲ့ အရေးကြီးဆုံး အရာက မနက်ခင်းမှာ ရေတစ်ခွက် အမြဲသောက်ပေးဖို့ ဖြစ်ပါတယ်။

အိပ်ရာကနိုးပြီး ကော်ဖီသို့မဟုတ် ဘာမှ မစားရသေးခင် ရေတစ်ခွက်သောက်လိုက်ခြင်းအားဖြင့် ကျန်းမာရေးကို အထောက်အကူပြုနိုင်တဲ့ အချက် (၇) ချက်ရှိပါတယ်။

၁။ အရွယ်မတိုင်မီ အိုမင်းခြင်း

play

 

ခန္ဓာကိုယ်က အဆိပ်အတောက်ဖြစ်လာတဲ့အခါ နာမကျန်းဖြစ်ခြင်းနဲ့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း ဖြစ်လာစေပါတယ်။ မနက်စောစော ရေတစ်ခွက် အမြဲသောက်ခြင်းဖြင့် အဆိပ်တွေကို ဖယ်ရှားပေးပါတယ် ။

၂။ နာကျင်မှု သက်သာစေ

ခန္ဓာကိုယ်ထဲက နာကျင်မှုတွေကိုလည်း သက်သာစေပါတယ်။ အစာအိမ်နာကျင်မှုမျိုးတွေ၊ ကိုယ်လက်နာကျင်တာမျိုးတွေ သက်သာစေပါတယ်။

၃။ အဆီကျစေ

play

 

ရေဓာတ်က ခန္ဓာကိုယ်ကို ပိုပြီးနွေးထွေးလာစေပါတယ်။ အဲဒီအခါ ကိုယ်ထဲက ကယ်လိုရီတွေကို လောင်ကျွမ်းသွားစေတတ်ပါတယ်။

၎။ အစာကျေစေ

မနက်စောစော ရေတစ်ခွက်သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်ထဲက အစာဟောင်းတွေကို ကောင်းကောင်းချေဖျက်ပေးပြီး ဝမ်းမှန်သွားစေတတ်ပါတယ်။

၅။ သွေးလည်ပတ်မှု ကောင်းစေ

မနက်စောစော သောက်လိုက်တဲ့ ရေတစ်ခွက်ဟာ သွေးလည်ပတ်မှု ကောင်းစေပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ သိပ်မအေး၊ သိပ်မနွေးတဲ့ ရေကို သောက်ဖို့ လိုပါတယ်။

၆။ ဝမ်းချုပ်တာ သက်သာစေ

play

 

ဝမ်းချုပ်လေ့ရှိသူတွေအတွက်တော့ အခြားအကြောပြေဆေး သောက်တာထက် မနက်အိပ်ရာထတာနဲ့ ရေတစ်ခွက်သောက်ခြင်းဟာ ပိုပြီး အကျိုးရှိနိုင်ပါတယ်။

၇။ အိပ်မောကျစေ

ညဘက်အခါ ပိုမိုအိပ်မောကျစေတတ်ပါတယ်။ မနက်ပိုင်း သောက်လိုက်တဲ့ ရေတစ်ခွက်ကြောင့် ညဘက်တစ်ရေးနိုး လန့်နိုးတာမျိုးတွေလည်း သက်သာစေပါတယ်။

Source : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ