Lifestyle: လမ်းအတူ လျှောက်ခြင်းကနေ တည်ငြိမ်တဲ့ မိသားစုကို ရရှိနိုင်

တစ်ပတ်တစ်ခါ  လမ်းလျှောက်ခြင်းဟာ မိသားစုဆိုတဲ့ ခံစားမှုကို ဖြစ်ပေါ်စေရာမှာ အကူအညီပေးတယ်လို့ ဆိုပါတယ်။

play

 

မိသားစုနဲ့ အတူ မိနစ် ၂၀ ခန့် လမ်းလျှောက်ပေးခြင်းဟာ ကလေးတွေကို တည်ငြိမ်စေပြီး မိသားစုတွင်း ဟန်ချက်ညီမှုကိုဖြစ်စေတယ်လို့ သုတေသနတစ်ခုက တွေ့ရှိခဲ့ပါတယ်။

 Illinois တက္ကသိုလ်ရဲ့ လူသားတိုးတက်မှုနဲ့ မိသားစုလေ့လာရေးဌာနက ပြုလုပ်ခဲ့တဲ့ အဆိုပါ သုတေသနရဲ့ဖော်ပြချက်အရ သဘာဝနဲ့ နီးကပ်စွာနေထိုင်ခြင်းဟာ မိသားစုဝင်တွေကြား စိတ်အနှောင့်အယှက်ဖြစ်မှုတွေကို လျော့နည်းစေတယ်လို့ သိရပါတယ်။ တစ်ပတ်တစ်ခါ  လမ်းလျှောက်ခြင်းဟာ မိသားစုဆိုတဲ့ ခံစားမှုကို ဖြစ်ပေါ်စေရာမှာ အကူအညီပေးတယ်လို့ ဆိုပါတယ်။

ဒီလိုခံစားချက်ဖြစ်ပေါ်ရာက မိသားစုဆက်ဆံရေးကို အာရုံစိုက်လာပြီး မိသားစုဝင်တွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ဖြစ်ပေါ်လာစေပါတယ်။

Photos & Source: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ