Lifestyle: အွန်လိုင်းမှာ ဈေးဝယ်သင့်သည့် အချက် ခုနှစ်ချက်

ဝယ်ယူသူတွေဆီကို အိမ်တိုင်ရာရောက်ပေးပို့ပြီး၊ ပစ္စည်းရောက်မှငွေပေးချေရတဲ့ စနစ်ကြောင့် မိုးတွင်းမှာ အပြင်ထွက်ပြီး ဈေးမ၀ယ်ချင်သူတွေအနေနဲ့ အိမ်က ကွန်ပျူတာလေးရှေ့မှာ ကော်ဖီလေးတစ်ခွက်နဲ့ သက်သောင့်သက်သာ မှာယူနိုင်ပါတယ်။

play

 

ယခုအခါမှာဆိုရင် မြန်မာနိုင်ငံမှာ အင်တာနက်သုံးစွဲမှု ပျံ့နှံ့အားကောင်းသလို၊ အွန်လိုင်းစီးပွားရေးလုပ်ငန်းများဟာ တစ်စထက် တစ်စတိုးတက်များပြားလာနေတာကိုတွေ့ရပါတယ်။ အင်တာနက်အသုံးပြုသူတွေဟာလည်း အခုဆိုရင် အွန်လိုင်းအရောင်းဆိုင်တွေကနေ ဈေးနှုန်းသက်သာပြီး၊ ထူးဆန်း စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ ပစ္စည်းလေးတွေ၊ အ၀တ်အစား၊ ဖုန်း၊ လျှပ်စစ်ပစ္စည်းများကို စိတ်ဝင်တစားမှာယူလို့လာပါတယ်။

ဒီလိုမျိုးမှာယူတဲ့အခါမှာလည်း ၀ယ်ယူသူတွေဆီကို အိမ်တိုင်ရာရောက်ပေးပို့ပြီး၊ ငွေပေးချေရတဲ့ စနစ်ကြောင့် မိုးတွင်းမှာ အပြင်ထွက်ပြီး ဈေးမ၀ယ်ချင်သူတွေအနေနဲ့ အိမ်က ကွန်ပျူတာလေးရှေ့မှာ ကော်ဖီလေးတစ်ခွက်နဲ့ သက်သောင့်သက်သာ မှာယူနိုင်ပြီပေါ့။ ယခုအခါမှာတော့ Kaymu ကနေ အွန်လိုင်းပေါ်မှ ၀ယ်ယူသူများနဲ့ လုပ်သင့်တဲ့ အချက် ၇ ချက်ကို တင်ပြပေးလိုက်ပါတယ်။

www.kaymu.com.mm နဲ့ www.shop.com.mm တို့ကိုဝင်ရောက်ပြီး အွန်လိုင်းမှတဆင့် အဆင်ပြေလွယ်ကူစွာ ဈေးဝယ်နိုင် ပါတယ်။ အထူးဈေးနှုန်းနဲ့ရောင်းချပေးနေတဲ့ ကုန်ပစ္စည်းတွေကိုတော့ အောက်ပါလင့်ခ်ကနေ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။

အထူးဈေးနှုန်းဖြင့်ရောင်းချပေးနေသည့် ကုန်ပစ္စည်းများကြည့်ရန်

play

 

ဝယ်ယူသူဘက်မှ ချဉ်းကပ်ကြည့်ခြင်း

စီးပွားရေးလုပ်ငန်းတစ်ခုအတွက် ရောင်းလိုအားနဲ့ ၀ယ်လိုအား၊ လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်တွေဟာ အရေးပါလှပါတယ်။ လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ် နည်းလာကာ ရောင်းချမှုအားကောင်းလာတာနဲ့အမျှ ပစ္စည်းတစ်ခုရဲ့ ရောင်းဈေးဟာ ကျဆင်းလာမှာဖြစ်ပြီး စားသုံးသူအတွက် အလွန်တရာ အကျိုးရှိလှပါတယ်။

၁။ ဈေးနှုန်းသက်သာမှု

အွန်လိုင်းကဈေးရောင်းတဲ့သူတစ်ယောက်ရဲ့ လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်က အပြင်ထက် သက်သာနေပြီးသားဖြစ်တဲ့အတွက် အွန်လိုင်းပေါ်က ဈေးနှုန်းတွေဟာ ပိုမိုသက်သာစေမှာသေချာပါတယ်။ နောက်ထပ် သက်သာမှုတစ်ခုကတော့ သင်ဟာ အင်တာနက်ကို ဖွင့်ပြီး ကိုယ်ဝယ်ချင်တဲ့ ပစ္စည်းကို တစ်ထိုင်တည်းနဲ့ ရှာဝယ်လိုက်ရုံပဲဖြစ်တဲ့အတွက် သင့်အနေနဲ့ သွားလာမှု ကုန်ကျစရိတ်မရှိပါဘူး။

၂။ လွယ်ကူမှု

အထက်မှာပြောခဲ့သလိုပါပဲ အင်တာနက်ကနေ တစ်ခုခုဝယ်ယူဖို့ သင်အချိန်ဘယ်လောက်ပေးရမယ်လို့ ထင်ပါသလဲ။ သင့်မှာ အီးမေးလ်နဲ့ အွန်လိုင်းကနေ ငွေပေးချေလို့ရမယ့် ကတ်တစ်ခုရှိမယ်ဆိုရင် မိနစ်ပိုင်းအတွင်းမှာ အွန်လိုင်းကနေ ၀ယ်ယူမှုလုပ်ငန်းစဉ်ပြီးစီးနိုင်ပါတယ်။

၃။ ငွေပေးချေမှုစနစ်

မြန်မာနိုင်ငံမှာ ကတ်စနစ်နဲ့ အွန်လိုင်းငွေပေးချေးမှုစနစ်သိပ်မထွန်းကားသေးချိန်ဖြစ်တဲ့အတွက် ဥပမာ kaymu.com.mm ၊ shop.com.mm တို့လို ဈေးရောင်းဈေးဝယ်ဆိုက်တွေအနေနဲ့ ပစ္စည်းရောက်မှ ငွေပေးလိုက်ရုံပါပဲ။ ဒါဟာ စားသုံးသူအတွက် နည်းတဲ့အခွင့်အရေးတော့ မဟုတ်ပါဘူး။ ပစ္စည်းမရောက်မချင်း ကိုယ့်ထဲက တစ်စုံတစ်ရာ ဆုံးရှုံးရခြင်းမရှိလို့ပါပဲ။

၎။ ဈေးနှုန်းနှင့် အရည်အသွေးကို လွယ်လွယ်ကူကူနှိုင်းယှဉ်နိုင်ခြင်း

အွန်လိုင်းကဈေးဝယ်ခြင်းရဲ့ အားသာချက်ထဲ နောက်တစ်ချက်ကတော့ ဈေးနှုန်းနဲ့ အရည်အသွေးတွေကို ကိုယ့်စိတ်ကြိုက် ရွေးချယ်နိုင်မှုပါပဲ။ အွန်လိုင်းမှာကိုယ်ဝယ်ချင်တဲ့ ပစ္စည်းရဲ့ဈေးနှုန်းနဲ့ အရည်အသွေးကို လွယ်လွယ်ကူကူနဲ့ ရှာဖွေနိုင်ယှဉ်နိုင်ပါတယ်။ အပြင်မှာဆိုရင် စင်တာတစ်ခုကနေ အခြားစင်တာတစ်ခုကိုသွားဖို့ ဆိုင်တစ်ဆိုင်ကပစ္စည်းနဲ့ အခြားဆိုင်တစ်ဆိုင်က ပစ္စည်းတစ်ခုကို တိုင်းတာနှိုင်းယှဉ်ဖို့ဆိုရင် အချိန်ကုန် လူပင်ပန်းပြီး မလွယ်ကူတဲ့ ကိစ္စတစ်ခုဆိုတာ ဈေးဝယ်ဖူးသူတိုင်း သိပါတယ်။

၅။ စားသုံးသူအခွင့်အရေး

ဟုတ်ကဲ့ ။ အွန်လိုင်းကဈေးရောင်းဖို့ ကြိုးစားတဲ့သူတွေဟာ စွန့်ဦးတီထွင်လုပ်ကိုင်သူတွေဖြစ်တဲ့အတွက် သူတို့ဟာ စားသုံးသူအခွင့်အရေးကို ဂရုစိုက်ရပါလိမ့်မယ်။ အွန်လိုင်းရဲ့ အားသာချက်ကို အသုံးပြု စီးပွားရေး လုပ်ကိုင်နေတာဖြစ်တဲ့အတွက် လူမှုကွန်ရက်စာမျက်နှာများရဲ့ စွမ်းအားကို သူတို့ကောင်းကောင်းနားလည်ကြမှာဖြစ်ပါတယ်။

အွန်လိုင်းစားသုံးသူကို ပိုမိုအခွင့်အရေးပေးရမယ်ဆိုတာ သူတို့က နားလည်ထားကြပါလိမ့်မယ်။ ဥပမာအားဖြင့် အရည်အသွေးမမီတဲ့ ပစ္စည်းတစ်ခုကို ရောင်းချလိုက်မိမယ်ဆိုပါတော။့ အဲဒီပစ္စည်းကို ဈေးဝယ် သူက လက်မခံနိုင်တဲ့ အရည်အသွေးဖြစ်သွားမယ်ဆိုရင် စားသုံးသူက သူအသုံးပြုခဲ့တဲ့ လူမှုကွန်ရက် အားကိုးနဲ့ ပြန်လည် တုံ့ပြန်ပါလိမ့်မယ်။

ဒါဟာ အွန်လိုင်းက စီးပွားရေးလုပ်နေသူရဲ့ ဂရုပြုရမယ့် အချက်ဖြစ်လို့ စားသုံးသူ အရေးကို ဂရိုစိုက်ကိုစိုက်ရပါလိမ့်မယ်။ နောက်တစ်ခု စားသုံးသူတွေအတွက် အခွင့်အရေးကတော့ အင်တာနက်ကနေ စားသုံးသူက နှိုင်ယှဉ်ကြည့်နေသလို ရောင်းသူအချင်းချင်းကလည်း ပြိုင်ဆိုင်နေကြမှာ ဖြစ်တဲ့အတွက် ယှဉ်ပြိုင်မှုအရ ဈေးနှုန်းသက်သာမှုနဲ့ အထူးအစီအစဉ်တွေကို ထပ်ဆောင်းရရှိနိုင်ပါလိမ့်မယ်။

၆။ သတင်းအချက်အလက်ဦးစွာရရှိနိုင်ခြင်း

ဈေးရောင်းသူဘက်က အားသာချက်တွေကလည်း ဈေးဝယ်သူတွေအတွက် အားသားချက်တွေပါပဲ။ သတင်းအချက်အလက်စီးဆင်းမှု အားကောင်းမှုကြောင့် ဆုံးဖြတ်ချက်ချရာမှာ မှန်မှန်ကန်ကန်ချနိုင်လာပါတယ်။ အွန်လိုင်းက ဈေးရောင်းဈေးဝယ်သူတွေဟာ သူတို့ရဲ့ သတင်းအချက်အလက်တွေကို အွန်လိုင်းကနေဖြန့်ဖြူး မှုမှာ ကျွမ်းကျင်ပြီးသားဖြစ်တဲ့အတွက် သူတို့ရဲ့ အထူးဦးစားပေးအစီအစဉ်တွေကို သူတို့ရဲ့ အလားအလာရှိတဲ့ ဖောက်သည်တွေဆီကို ရောက်အောင်ဖို့ပေးနေမှာဖြစ်ပါတယ်။

၇။ အငြင်းပွားမှုတွင် ကြားခံပေးခြင်း

တကယ်လို့ အွန်လိုင်းကဈေးဝယ်ယူမှုမှာ အငြင်းပွားမှုတစ်စုံတစ်ရာဖြစ်ပေါ်လာခဲ့မယ်ဆိုရင် ရောင်းချသူများနဲ့ ၀ယ်ယူသူကြားမှာ ပစ္စည်းပို့ဆောင်ပေးသူ၊ ဘဏ်ကနေငွေလွှဲမယ်ဆိုရင် ဘဏ်စတဲ့ အဖွဲ့အစည်းတွေအပြင် ရောင်းချသူဟာ အွန်လိုင်းပလက်ဖောင်းတစ်ခုခုနဲ့ ချိတ်ဆက်ထားတဲ့အတွက် အငြင်းပွားမှုကို ဖြေရှင်းပေးရာမှာ အသုံးဝင်လှပါတယ်။ ဥပမာအားဖြင့် kaymu.com.mm မှာဆိုရင် ရောင်းချသူတွေဟာ return policy တစ်ခု ထားရှိကြရပါတယ်။ အဲဒီကြားထဲကမှ အငြင်းပွားမှု ထပ်မံပေါ်ပေါက်နေသေးတယ်ဆိုရင်လည်း ပြေလည်မှုတစ်ခု ရရှိတဲ့အထိ ညှိနှိုင်းပေးပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ