Lifestyle: အကျိုးသက်ရောက်မှုများစွာရှိတဲ့ ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို စတင်နည်း (၅) ခု

, updated

ခေတ်သစ်စွန့်ဦးတီထွင်သူတွေဟာ အခုဆိုရင်တော့ လူမှုအသိုင်းအဝိုင်းနှင့် သဘာဝပတ်ဝန်းကျင်ပြဿနာများကို နဂိုအရှိတိုင်းမြင်တတ်လာတဲ့အပြင် သူတိုရဲ့စွမ်းအင်တွေနှင့် ထက်မြက်မှုတွေနဲ့ ပိုပြီးကောင်းမွန်တဲ့ ကမ္ဘာတစ်ခုဖြစ်အောင် တည်ဆောက်နေပါတယ်။

 

play

 

ခေတ်သစ်စွန့်ဦးတီထွင်သူတွေဟာ အခုဆိုရင်တော့ လူမှုအသိုင်းအဝိုင်းနှင့် သဘာဝပတ်ဝန်းကျင်ပြဿနာများကို နဂိုအရှိတိုင်းမြင်တတ်လာတဲ့အပြင် သူတိုရဲ့စွမ်းအင်တွေနှင့် ထက်မြက်မှုတွေနဲ့ ပိုပြီးကောင်းမွန်တဲ့ ကမ္ဘာတစ်ခုဖြစ်အောင် တည်ဆောက်နေပါတယ်။ Chivas Regal မှာလည်း ဒီလိုမျိုး အဓိပ္ပာယ်ရှိတဲ့လုပ်ဆောင်မှုများကို လုပ်ဆောင်နေတဲ့ လူမှုအကျိုးပြုစီးပွားရေး စွန့်ဦးတီထွင်သူများကိုလည်း အောင်မြင်မှုရရှိအောင် တိုက်တွန်းလုပ်ဆောင်ပေးနေပါတယ်။

ကျွန်တော်တို့ပြုလုပ်ခဲ့တဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ‘Redefining Success in a Changing World’ လို့အမည်ရတဲ့ လူမှုအကျိုးပြုစီးပွားရေး စွန့်ဦးတီထွင်သူ အယောက် ၅၅၀ ကို စစ်တမ်းကောက်ယူခဲ့ပြီး၊ အောင်မြင်မှုဆီတက်လှမ်းရာမှာ သူတို့တွေ ဘယ်လိုမျိုးလုပ်ဆောင်ခဲ့သလဲဆိုတာတွေကို မေးမြန်းခဲ့သလို၊ အကြံဉာဏ်များလည်း တောင်းယူခဲ့ပါတယ်။ ဒီလိုအကြံပေးမှုတွေကြောင့်လည်း သင့်ရဲ့လုပ်ငန်းကို လျှင်မြန်စွာ မြန်မြန်ဆန်ဆန်ပဲ ရှေ့ရောက်စတင်နိုင်စေဖို့ အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်။

၁။ သင့်ပတ်ဝန်းကျင် အသိုင်းဝိုင်းမှာ သင့်ကို စိတ်အားထက်သန်စွာ လုပ်ဆောင်စေတဲ့ အရာကိုရှာဖွေပါ။ သင့်ရဲ့လုပ်ငန်းအကြံဉာဏ်ဟာ သင့်ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာရှိတဲ့ ပြဿနာများကို ဖြေရှင်းပေးနိုင်ရင် ပိုပြီးတော့အောင်မြင်နိုင်ပါတယ်။

play

 

၂။ ရဲရင့်ပါ၊ ကျရှုံးမှာကို မကြောက်ပါနဲ့။ Café Punta del Cielo ပိုင်ရှင် Pablo Gonzales ကတော့ ကျရှုံးမှုဖြစ်ပေါ်တာဟာ ဘာမှမှားယွင်းတဲ့ကိစ္စမဟုတ်ဘူးလို့ ပြောပါတယ်။ ကျရှုံးမှုဟာ အတွေ့အကြုံကောင်းများစွာကို ရရှိစေပြီး၊ သင်လုပ်နေတဲ့အရာကို ကျရှုံးမှုက ပိုပြီးသိလာစေမယ်လို့ ပြောပါတယ်။ သင့်အနေနဲ့ စိတ်ကူးစိတ်သန်းကောင်းများရှိပြီး ကျရှုံးမှာကိုကြောက်နေရင် ဒါဟာ တီထွင်ကြံဆမှုဘက်မှာ အစကောင်းတယ်လို့ ပြောနိုင်ပါတယ်။ အခက်အခဲများဟာလည်း သင့်ရဲ့လုပ်ငန်းပုံစံကို ပိုမိုကောင်းမွန်စေသလို သင့်ရဲ့စွန့်ဦးတီထွင်စိတ်ကိုလည်း ဆက်လက်ရှင်သန်လှုံ့ဆော်ပေးနေမှာပါ။

၃။ အကြံဉာဏ်တွေထက် အဖွဲ့လိုက်လှုပ်ရှားမှုနှင့် လုပ်ဆောင်မှုက အရေးကြီးပါတယ်။ အောင်မြင်တဲ့ ရင်းနှီးမြှုပ်နှံသူတွေနှင့် စွန့်ဦးတီထွင်သူတွေမှာဆိုရင် B+ idea နှင့် A+ လုပ်ဆောင်နိုင်တဲ့ အသင်းအဖွဲ့အစည်းကောင်း ရှိနေဖို့လိုပါတယ်။ အကြံဉာဏ်တွေဘယ်လောက်များနေပါစေ၊ ကျွမ်းကျင်တဲ့ အသင်းအဖွဲ့တွေရဲ့ ကြိုးစားမှုနှင့် ကျွမ်းကျင်စွာလုပ်ဆောင်နိုင်မှုတို့က အရေးကြီးပါတယ်။ သင့်ရဲ့စွမ်းအင်တွေကို သင့်ရဲ့အဖွဲ့အစည်းနှင့် လုပ်ငန်းပေါ်မှာ အခြေခံပြီး တည်ဆောက်ဖို့လိုပါတယ်။

play

 

၎။ ငွေရဲ့နောက်ကွယ်မှာ တန်ဖိုးနှင့် အကျိုးသက်ရောက်မှုရှိပါတယ်။ သင့်ရဲ့စုဆောင်းထားတဲ့ ငွေကြေးတွေကိုအသုံးပြုပြီးတော့ သင့်အိပ်မက်တွေကို လက်တွေ့ကျကျ အကောင်အထည်ဖော်တာမျိုးကို စွန့်ဦးတီထွင်သူတိုင်း တစ်ချိန်တစ်ခါတော့ မဖြစ်မနေကြုံတွေ့ရစမြဲပါ။ သင့်ရဲ့စွမ်းအင်တွေကို တိုင်းတာ၊ ထိန်းသိမ်းပြီး အပေါင်းလက္ခဏာပြုတဲ့ သက်ရောက်မှုဖြစ်အောင် သင့်ရဲ့ business model ကို အမြတ်ငွေမြန်မြန်ပြန်ရဖို့ထက် ဦးစားပေးတည်ဆောက်သင့်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကောင်းမွန်တဲ့လုပ်ငန်းတစ်ခုကိုသင့်အနေနဲ့တည်ဆောက်နိုင်ပြီဆိုရင် ဒီလုပ်ငန်းဟာ ကြီးထွားလာကာ ဝင်ငွေရလာပြီး ရေရှည်မှာ အကျိုးဖြစ်ထွန်းစေမှာဖြစ်ပါတယ်။

၅။ အရေးကြီးဆုံးကတော့ လုပ်ငန်းကို ထိန်းသိမ်းပြီး၊ စိတ်ရှည်ရှည်ထားပေးပါ။ သင့်လုပ်ငန်း ဘယ်လောက်အခက်အခဲပဲကြုံရကြုံရ အရှုံးမပေးပါနဲ့။ အချိန်တစ်ခုခုတော့ ပေးရပါလိမ့်မယ်။ ဒါမှလည်း နောင်တစ်ချိန်မှာ အသီးအပွင့်များကို အကျိုးရှိရှိခံစားရမှာပါ။ အချိန်နဲ့အမျှ သင့်လုပ်ငန်းဟာပြောင်းလဲလာမှာဖြစ်ပြီး၊ ပြောင်းလဲမှုကိုလက်ခံကာ နောင်ဆက်လက်လုပ်ဆောင်မယ့်အရာများကို ယုံကြည်မှုအပြည့်နဲ့ လုပ်ဆောင်သွားပါ။ Fair Trade USA ရဲ့ ဥက္ကဋ္ဌနဲ့ စီအီးအိုဖြစ်သူ Paul Rice က “ကျွန်တော်တို့အနေနဲ့ traditional capitalism ကနေ globalization ကို ပြောင်းလဲလာတဲ့ ဆယ်စုနှစ်တစ်စုကို တွေးမြင်ကြည့်လိုက်ရင် ဒီလိုမျိုးပြောင်းလဲမှုတွေဟာ စီးပွားရေးနဲ့ လူမှုရေးအပေါ်မှာ ဘယ်လောက်ကြာမြင့်စွာ သက်ရောက်မှုရှိတာကိုတွေ့မြင်နိုင်ပါတယ်။” +++

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ

ယခုကြော်ငြာနှင့် ပတ်သက်၍

Social Stream


ကြည့်ရှုသူ အများဆုံး