AD
AD
AD
play

 

အဝါရောင်နဲ့ အနီရောင်သုတ်ထားတဲ့စာသင်ခန်းက ကျောင်းသားတွေဟာ အာရုံစိုက်နိုင်မှု ပိုမိုမြင့်မားတယ်လို့ သုတေသနတစ်ခုက တွေ့ရှိခဲ့ပါတယ်။

သြစတြေးလျနိုင်ငံ  Curtin တက္ကသိုလ်က အဆိုပါ သုတေသနကို ပြုလုပ်ခဲ့တာဖြစ်ပြီး တောက်ပတဲ့ အရောင်တွေ ဝန်းရံထားတဲ့အခါ ကျောင်းသားတွေရဲ့အာရုံစိုက်မှုအဆင့်က မြင့်မားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကျောင်းသားအများစုဟာ အရောင်မှိန်ဖျော့တဲ့ အခန်းတွေမှာလေ့လာရတာကို ပိုမိုနှစ်သက်ကြတယ်လို့ အဆိုပါသုတေသနကဖော်ပြထားပါတယ်။

play

 

အရောင်တစ်မျိုးခြင်း သုတ်ထားတဲ့ အခန်းခြောက်ခန်းထဲမှာ ကျောင်းသားတွေကို ထားပြီး အဖတ်စွမ်းရည်တွေကို စစ်ဆေးပြီး မေးခွန်းတွေလည်း မေးခဲ့တာ ဖြစ်ပါတယ်။ အနီရောင်နဲ့ အဝါရောင် စာသင်ခန်းထဲမှာဆိုရင် ကျောင်းသားတွေရဲ့ စွမ်းဆောင်ရည်ဟာ ပိုမိုမြင့်မားကြောင်း အဆိုပါ သုတေသနကတွေ့ရှိခဲ့ပါတယ်။

Photos & Source: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD