Lifestyle: အလုပ်သစ်ကို လက်မခံခင် မေးသင့်တဲ့ မေးခွန်း (၈) ခု

အလုပ်ရတယ်ဆိုပြီး အလွယ်တကူ လက်မခံလိုက်ပါနဲ့။

play

 

သင့်ကို အလုပ်ခန့်လိုက်ပြီလို့ ပြောတာနဲ့ စာချုပ်မှာ လက်မှတ်မထိုးခင် ဒီမေးခွန်းတွေကို မေးသင့်ပါတယ်။

၁။ ဘယ်သူ့ကို သတင်းပို့ရမှာလဲ

အလုပ်မလုပ်ခင်မှာ ကိုယ်က ဘယ်သူတွေနဲ့ တွဲလုပ်ရမယ်ဆိုတာကို ကြိုတင်မေးမြန်းသင့်ပါတယ်။

၂။ လစာက ညှိနှိုင်းလို့ရလား

အရေးကြီးဆုံးမေးခွန်းပါပဲ။

play

 

၃။ ဝန်ထမ်းတွေကို လစာအပြင် ဘာအကျိုးခံစားခွင့်တွေ ပေးသေးလဲ

လစာများတယ်ဆိုပြီး ချက်ချင်းလက်ခံသင့်ပါဘူး။ အလုပ်ချိန်က တင်းကျပ်သလား၊ နေ့လယ်စာကို ကတိုက်ကရိုက်စားရတာလား၊ ဒါမှမဟုတ် ပိတ်ရက်တွေ အများကြီးပေးသလား ဒါတွေကို မေးသင့်ပါတယ်။

၎။ ဒီနေရာက ဘာအောင်မြင်မှုတွေ လုပ်ပေးမယ်လို့ ထင်လဲ

အဲဒီမေးခွန်းမေးမှ အလုပ်ရှင်က သင့်ဆီက ဘာမျှော်လင့်ထားသလဲဆိုတာ သိနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီိး သင် ဒီအလုပ်ကို ကောင်းကောင်း လုပ်နိုင်မလုပ်နိုင်လည်း နားလည်နိုင်မှာပါ။

၅။ ဒီကုမ္ပဏီမှာ အလုပ်လုပ်ရတာ ဘာကိုမကြိုက်ဆုံးလဲ

နည်းနည်း ထူးဆန်းတဲ့ မေးခွန်းပါ။ မေးလေ့မေးထလည်း ရှိမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အင်တာဗျူးတဲ့သူက ပွင့်ပွင့်လင်းလင်း ပြန်ဖြေရင်တော့ သင် သတိထားသင့်တာတွေကို ကြိုတင်သတိထားလို့ ရပါတယ်။

play

 

၆။ အလုပ်အကိုင်နဲ့ ပတ်သက်ပြီး ဘာအခွင့်အရေးတွ ရှိလဲ

ရာထူးတိုး၊ သင်တန်းနဲ့ ကုမ္ပဏီမှာ တခြားနေရာတွေကို လျှောက်ထားခွင့်ရှိမရှိတွေကို သိထားဖို့ လိုပါတယ်။

၇။ မကြာသေးမီက ရာထူးတိုးသွားတဲ့ ဝန်ထမ်းတစ်ယောက်အကြောင်း ပြောပြလို့ရမလား

အဲဒါမှသာ ဘယ်အချက်တွေက ရာထူးတိုးစေနိုင်တယ်ဆိုတာ သင် သိနိုင်မှာဖြစ်ပါတယ်။ ပြီးတော့ သင့်တက်လမ်းအတွက် ဘာတွေလုပ်သင့်တယ်ဆိုတာ သိအောင်လုပ်ပါ။

၈။ ဒီအချက်တွေကို စာနဲ့ရေးပေးလို့ရမလား

အလုပ်လက်မခံခင်မှာ ခံစားခွင့်တွေနဲ့ လုပ်ငန်းတာဝန်တွေ ပါဝင်တဲ့ စာချုပ်ပေးဖို့တောင်းပါ။ ဘာမှန်းမသိလိုက်ဘဲ လက်မှတ်ထိုးမိတာမျိုး မဖြစ်ပါစေနဲ့။ ဒါက အရေးအကြီးဆုံးအချက်ပါ။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ