Lifestyle: စကားဝါပင်ကို ဆေးလို အသုံးပြုပုံ

ပျားရည်နဲ့ ရောလျက်ရင် ချောင်းခြောက်ရောဂါပျောက်ပါတယ်။

play

 

မြန်မာ့ဆေးကျမ်းတွေမှာ စကားဝါကို အေးသောဂုဏ်သတ္တိရှိတယ်လို့ ဖော်ပြထားပါတယ်။ သည်းခြေ၊ သလိပ်တို့ကိုနိုင်ပြီး ယားနာ၊ အနာပေါက်တို့ကို ပျောက်ကင်းစေတယ်လို့ဖော်ပြထားပါတယ်။

အပွင့်

အပွင့်ကို ညက်အောင်ကြိတ်ပြီး ရေအေးနဲ့ ဖျော်သောက်ရင် ဆီးအောင့်တာပျောက်ပြီး ဆီးကိုရွှင်စေပါတယ်။

အပွင့်ပြုတ်ရည်ကိုသောက်ရင် အစာအိမ်နာတာ၊ လေနာတာတွေကို ပျောက်ပါတယ်။ ကျောက်ကပ်ကိုလည်း အားကောင်းစေပါတယ်။

play

 

အရွက်

အရွက်ကို ရေညစ်ပြီး ပျားရည်နဲ့သောက်ရင် ရင်ဘတ်အောင့်နာကို ပျောက်စေပါတယ်။  ဝမ်းထဲက သုတ်ပိုးတွေ၊ သန်ပိုးတွေ ကျစေပါတယ်။

အသီး

အသီး ဒါမှမဟုတ် အစေ့ကို ရေနဲ့သွေးလိမ်းရင် အကျိတ်အဖုတွေ ပျောက်ပါတယ်။

နူနာကုသတဲ့ မြန်မာ့ဆေးတွေမှာအသီးခွံနဲ့ အခေါက်ကို ထည့်သုံးလေ့ရှိပါတယ်။

အခေါက်

အခေါက်မှုန့်ကို ပျားရည်နဲ့ ရောလျက်ရင် ချောင်းခြောက်ရောဂါပျောက်ပါတယ်။

Photos & Source: Burmese Medical Plants

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ