မြန်မာ့ဆေးကျမ်းတွေမှာ ဖန်ခါးသီးဟာ ဝမ်းမီးကို တောက်စေပြီး သွေးသားကို စင်ကြယ်စေတယ်လို့ ဖော်ပြထားပါတယ်။ အူနဲ့စပ်ဆက်တဲ့ရောဂါတွေ၊ အရေပြားရောဂါတွေကို ကုသရမှာ သုံးတယ်လို့ ဖော်ပြထားပါတယ်။
အသီး
ဖန်ခါးသီးပြုတ်ရည်ကို နို့နဲ့ ရောသောက်ရင် အရက်မူးတာ ပျောက်ပါတယ်။
ဖန်ခါးသီးကို အခြောက်ခံအမှုန့်လုပ်ပြီး အုန်းဆီနဲ့ ရောပြီး မီးလောင်ဖုတွေကိုလိမ်းပေးရင် သက်သာပါတယ်။
ဖန်ခါးသီးကို ဝမ်းနုတ်ဆေးတွေ ဖော်ရာမှာလည်း ထည့်သွင်းအသုံးပြုလေ့ရှိပါတယ်။
အစေ့
ဝက်ခြံ အမြစ်မထွက်ဘဲမြုံနေရင် ဖန်ခါးသီးစေ့ကို ဆန်ဆေးရေနဲ့ သွေးလိမ်းလို့ရပါတယ်။
အရွက်
ဖန်ခါးသီးရွက်ကို မီးယပ်ဆေး၊ ဒူလာဆေးနဲ့ လိပ်ခေါင်းဆေးတွေမှာ ထည့်သွင်း အသုံးပြုပါတယ်။
အခေါက်
အခေါက်ကို ပြုတ်သောက်ရင် ဝမ်းလျှော ဝမ်းကိုက် ပျောက်ပါတယ်။
ထိခိုက်ဒဏ်ရာ ရုတ်တရက် ရရှိတဲ့အခါ အခေါက်ကိုကြိတ်ပြီး အုံပေးရင် သွေးထွက်လွန်တာ ပျောက်ပါတယ်။
Photos & Source: Burmese Medical Plants