AD
AD
AD
play

 

၁။ သတ္တိရှိနေတယ်

တစ်ယောက်တည်းကလည်းဖြစ်နေတယ်။ ပျင်းကလည်းပျင်းတယ်။ အချစ်ကားတွေ ဒရမ်မာကားတွေ ကြည့်ရမှာလည်း ငြီးငွေ့တယ်။ အဲဒါနဲ့ပဲ သတ္တိရှိရှိ လူသတ်ကားကြည့်ဖို့ ရွေးချယ်လိုက်တယ်။

play

 

၂။ ကြောက်လာတယ်

မိနစ် ၂၀ အတွင်းမှာ အခါ ၁၀၀ လောက် အော်မိတယ်။ သတ္တိတွေလည်း ဘယ်ပျောက်ကုန်မှန်းမသိဘူး။ မျက်လုံးတွေပဲ ပိတ်ထားရမလို၊ နားတွေပဲ ပိတ်ထားရမလို။ ဒါပေမဲ့လည်း ဇာတ်ကားက ကောင်းနေတော့ ဆက်ကြည့်ချင်တယ်။

play

 

၃။ အလွန်အမင်း ကြောက်လာတယ်

ဘာလို့များ ဒီဇာတ်ကားကို ကြည့်မိပါလိမ့်လို့ တွေးမိတယ်။ "ဘာလို့ အပေါ်ထပ်ကို တက်ကြည့်ရတာလဲ..ရူးနေလား" "ဘုရားရေ..ဟိုဟာ ဘာကြီးလဲ" ဆိုပြီး ဇာတ်ကားထဲ မြောပါသွားပြီး အော်ဟစ်မိနေပြီ။

play

 

၎။ ခံစားချက်တွေ ရောထွေးလာတယ်

ကြောက်လည်းကြောက် ဒေါသလည်း ထွက်လာတယ်။ ဇာတ်ကားထဲကလူတွေကို ငတုံးတွေဆိုပြီး အားမလို အားမရဖြစ်လာတယ်။ "လူသတ်သမားက လှေကားက ဖြည်းဖြည်းချင်းတက်လာနေတုန်း အဲဒီငတုံးမလေးက ဘာလို့ အိပ်ခန်းထဲမှာ ပုန်းနေရတာလဲ၊ ဘာလို့ လှေခါးက မီးတွေ ပိတ်သွားပြီး အောက်ထပ်က အသံဗလံတွေကြားမှ အိမ်သာသုံးချင်ရတာလဲ" လို့ ဒေါသတကြီးတွေးမိနေပြီ။ ရှူးကလည်း ပေါက်ချင်နေပြီ။ တစ်ယောက်တည်းလည်း ဘယ်မှမသွားရဲတော့ဘူး။

play

 

၅။ စိတ်သက်သာရာရခြင်း

ဇာတ်ကားပြီးသွားပြီ။ ဘာပဲဖြစ်ဖြစ် ငါလုပ်နိုင်သွားပြီ။ အဲဒီလောက်လည်း ကြောက်စရာမကောင်းပါဘူး။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD