Lifestyle: ရယ်ချင်ရင် ဖတ်ပါ

Duwun ပရိသတ်တွေရဲ့ ဘဝအမောတွေ ခဏတာဖြစ်ဖြစ် ပြေပျောက်စေဖို့အတွက် ရယ်စရာလေးတွေပါ။

play

 

မယုံဘူး

ပထမလူ - အဲဒီ အဆိုတော်လင်မယားကွဲသွားတာ ၃ နှစ်လောက်ရှိပြီ။
ဒုတိယလူ - မဖြစ်နိုင်ပါဘူး ... မနေ့ကတောင် သူတို့စုံတွဲသီချင်း ရေဒီယိုကလာတာ ငါကြားလိုက်ရသေးတာကို။

အိပ်တော့အိပ်တယ်

ဆရာဝန် - ဘယ်လိုလဲ ... ကျွန်တော် ညွန်ကြားထားတဲ့အတိုင်း အိပ်တဲ့အခါ ပြူတင်ပေါက်တွေ  ပိတ်ပြီး အိပ်တယ်မဟုတ်လား။
လူနာ - အိပ်တယ်ဆရာ ... ဒါပေမဲ့ ရုံးကလူတွေက အိုက်လို့ မှောင်လို့ဆိုပြီး ကျွန်တော့်ကို ပူညံပူညံ ပြောနေကြတယ်။

ကြားတယ်ဟေ့

လူနာ - ကျွန်တော် အရမ်း ခေါင်းကိုက်နေလို့ လာတာပါ ဆရာ။
ဆရာဝန် - ဘာဖြစ်လို့ ဒီလောက်တောင်အော်နေရတာလဲ။ ကျုပ်နားမပင်းဘူးဗျ။ ကိုင်း ပြောစမ်း။ ခင်ဗျား ချောင်းဆိုးနေတာ ဘယ်လောက်ကြာပြီလဲ။

play

မှာထားလို့

အိမ်နီးချင်း - ညကြီးမိုးချုပ် ခြေအိတ်ကို ခေါင်းမှာပတ်ပြီး ဘာထွက်လုပ်နေတာလဲ။
အမျိုးသမီး - ကျွန်မ ယောက်ျားက မှာခဲ့လို့ပါ။ သူ ခရီးသွားနေတုန်း ညဘက်အပြင်ထွက်လို့ လူရမ်းကားတွေနဲ့ ရင်ဆိုင်ရတဲ့အခါ
ခြေအိတ်အထက်ပိုင်းကို မထိစေနဲ့ဆိုလို့လေ။

အပြစ်ကျူးလွန်ပုံ

ရှေ့နေ - ခင်ဗျားရဲ့ယောက်ျားနဲ့ ကွာရှင်းခွင့်တောင်းရအောင် သူက ဘယ်လိုအပြစ်တွေများ လုပ်နေလို့လဲ။
အမျိုးသမီး - သူ့အတွက် သပ်သပ် ကျွန်မ ချက်ကျွေးတာမှန်သမျှကို သူမစားခင် ကျွန်ကိုစားခိုင်းလို့ပါ။

ဝါကျ

ဆရာမ - ဘာသာရေးလည်းပါ၊ အိမ်ထောင်ရေးလည်းပါ၊ ထူးဆန်းတာလည်းပါတဲ့ ဝါကျတစ်ကြောင်း ဖွဲ့ပြပါ။
ကျောင်းသူ - ဘုရား ... ဘုရား ... ငါ့မှာ ကိုယ်ဝန်ရှိနေပြီ။ ဘယ်သူနဲ့ရတဲ့ကိုယ်ဝန်ပါလိမ့်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ