Lifestyle: ပိုက်ဆံစုနေတဲ့လူတွေ ရှိသင့်တဲ့ အလေ့အကျင့် (၄) ခု

, updated

ဘာဝယ်ဝယ် တစ်ရက်စောင့်တဲ့နည်းကို သုံးကြည့်ပါ။

play

 

၁ - ရုတ်တရက် မဝယ်နဲ့

ရုတ်တရက် ဝယ်တာမျိုး မလုပ်ပါနဲ့။ ကြုံလို့ ဝယ်တာမျိုး ဘယ်တော့မှ မလုပ်ပါနဲ့။ ပစ္စည်းပစ္စယတွေ ဝယ်မယ်ဆိုရင် အလျင်စလို ဝယ်မယ့်အစား အရင်ကြိုတင်စဉ်းစားပြီးမှ ဝယ်ပါ။

၂ - ရည်မှန်းချက်

ပိုက်ဆံစုတဲ့အခါ ဒီအတိုင်းစုတာထက် ရည်မှန်းချက်ထားပါ။ ခရီးထွက်ဖို့၊ မင်္ဂလာဆောင်ဖို့၊ ပညာရေးအတွက် သုံးဖို့ စသဖြင့် ရည်ရွယ်ချက်ကောင်းနဲ့စုပါ။ ဒီလိုစုနေကြောင်းလည်း မိသားစုနဲ့ သူငယ်ချင်းတွေကို ပြောထားပါ။

play

 

၃ - စိတ်ရှည်

စိတ်ရှည်ပါ။ ဘာဝယ်ဝယ် တစ်ရက်စောင့်တဲ့နည်းကို သုံးကြည့်ပါ။ ဥပမာ- ပစ္စည်းတစ်ခုကို ဝယ်ချင်စိတ်ပြင်းပြလာတဲ့အခါ ဒီပစ္စည်းရဲ့ အကြောင်းနဲ့ ဈေးနှုန်းကို စုံစမ်းထားလိုက်ပါ။ နောက်တော့ တစ်ရက်စောင့်လိုက်ပါ။ တစ်ရက်ကျော်လို့မှ ဝယ်ချင်စိတ်ပျင်းပြတုန်းပဲဆို ဝယ်ပါ။

play

 

၎ - လျှော့ဈေး

ကိုယ်လိုချင်တဲ့ပစ္စည်းမျိုး လျှော့ဈေးပေးတာမျိုး ရှိနေလား စုံစမ်းထားပါ။ ဘယ်တော့လောက် အရောင်းပွဲမျိုးလုပ်ပြီး လျှော့ဈေးပေးဖို့ရှိနေလဲ စုံစမ်းပါ။

Photos & Source: Lifehack

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ