Lifestyle: အလုပ်အကိုင်နဲ့ ပတ်သက်ပြီး သင့်တိုးတက်မှုကို နှောင့်နှေးစေမယ့် အမှား (၈) ခု

, updated

တီထွင်မှုထက် ပြည့်စုံမှုကို ပိုအားသန်နေတာက အမှားတစ်ခုပါ။

 

၁ - ယဉ်ကျေးပြီး ဖုံးကွယ်နေတာထက် ရိုးသားပြီး ပွင့်လင်းတာက သင့်အလုပ်နဲ့ သင့်ဘဝကို ပိုတိုးတက်စေပါတယ်။

၂ - ပြိုင်ဘက်တွေရဲ့ မကောင်းပြောမှုကို ခံနိုင်ရည်ရှိဖို့ လိုပါတယ်။ ခံနိုင်ရည်ရှိဖို့အတွက် အကောင်းဆုံးတုံ့ပြန်နည်းဟာ ကိုယ်ကိုယ်တိုင်လည်း သူတို့အကြောင်း မကောင်း ပြောတာမျိုး ပြန်မလုပ်တာပါ။

၃ - ကိုယ့်ကိုယ်ကိုယ် မြင့်တင်ဖို့လိုပါတယ်။ ကိုယ်ကျွမ်းကျင်ရာကို အမြဲတမ်းမြှင့်တင်နေရုံမကဘဲ အစစအရာရာ ဗဟုသုတနဲ့ပြည့်စုံအောင် လုပ်ထားသင့်ပါတယ်။

 

၎ - အမြဲတမ်း ပြဿ     နာကို ရှာတွေ့တတ်ပေမဲ့ အဖြေကိုပါ တစ်ခါတည်း မရှာထားနိုင်တာဟာလည်း ပြဿ     နာ တစ်ခုဖြစ်ပါတယ်။

၅ - ကိုယ့်မှာ အရည်အချင်းတွေ ရှိနေပေမဲ့ ဒီအရည်အချင်းတွေကို ဘယ်လိုပြရမလဲ မသိတာပါ။ တစ်ချို့နေရာတွေမှာ ရဲရင့်ဖို့၊ ရှေ့လူတွေကို တော်လှန်ရဲဖို့ လိုပါတယ်။

၆ - တီထွင်မှုထက် ပြည့်စုံမှုကို ပိုအားသန်နေတာပါ။ ပြည့်စုံတယ်ဆိုတာ ဘယ်တော့မှ မရှိပါဘူး။ ပြဿ     နာတွေ တစ်ခုပြီး တစ်ခုဖြေရှင်းရင်း နေထိုင်ရမှာ ဖြစ်ပါတယ်။

 

၇ - ဘယ်အရာကို ဦးစားပေးရမှန်းမသိဘဲ ဗျာများနေတာကလည်း သင့်ရဲ့တိုးတက်မှုကို နှောင့်နှေးစေပါတယ်။

၈ - ဘယ်ကိစ္စမဆို ပြန်လည် မေးခွန်းထုတ်ခြင်း မရှိဘဲ အလွယ်တကူ လက်ခံတာကလည်း သင့်ကို ထိခိုက်ပါတယ်။

Photos & Source: My Domaine

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ