Lifestyle: သင်ကြိုက်တဲ့ ဂီတအမျိုးအစားကပြောတဲ့ သင့်အကြောင်း

လူတွေ ကြိုက်နှစ်သက်တဲ့ ဂီတအမျိုးအစားနဲ့ သူတိုရဲ့ ပင်ကိုယ်ဗီဇ စိတ်နေစိတ်ထားကို တစ်နည်းတစ်ဖုံး ညွှန်းဆိုနေပါတယ်။

play


ဂီတနဲ့ဆက်နွယ်တဲ့ စိတ်ပညာရှင်က လူတွေ ကြိုက်နှစ်သက်တဲ့ ဂီတအမျိုးအစားနဲ့ သူတိုရဲ့ ပင်ကိုယ်ဗီဇ စိတ်နေစိတ်ထား ဆက်စပ်မှုကို လေ့လာခဲ့ပါတယ်။ ဒေါက်တာအက်ဒရီယန်နော့က လူပေါင်း ၃၆,၀၀၀ ကို ကြိုက်နှစ်သက်တဲ့ ဂီတအမျိုးအစားနဲ့ စိတ်နေစိတ်ထား ဆက်နွယ်မှုကို သုတေသနပြု လေ့လာခဲ့တာ ဖြစ်ပါတယ်။

၁။ ရက်ပ် သို့မဟုတ် ဟစ်ပ်ဟော့

ရက်ပ် သို့မဟုတ် ဟစ်ပ်ဟော့ ဂီတကို နှစ်သက်သူတွေက ကိုယ့်ကိုယ်ကိုယ် အလွန်အကျွံ အထင်ကြီးတတ်တယ်။ ပတ်ဝန်းကျင်နဲ့ ရင်းနှီးကျွမ်းဝင်မှု နည်းတယ်။ အပြင်ထွက်သွားလာရတာကို သဘောကျတတ်ပါတယ်။

၂။ ဟဲဗီးမက်တယ်

ဒီ ဂီတအမျိုးအစားကို ကြိုက်တတ်သူတွေက လူကြီးလူကောင်းဆန်ပြီး တည်ကြည်တဲ့ ဟန်ပန်ရှိတယ်။ ကိုယ့်ကိုယ်ကိုယ် အလွန်အကျွံ အထင်မကြီးတတ်ဘူး။

၃။ အင်ဒီရော့ခ်

ရော့ခ်ကြိုက်သူတွေက ပျင်းရိသူတွေဖြစ်တယ်။ ဖန်တီးမှုအားကောင်းတယ်။ ခေါင်းမာသူတွေလည်း ဖြစ်ပါတယ်။

play

 

၎။ ကလက်စစ်ရော့ခ်

ဒီလို ဂီတကို နှစ်သက်သူတွေက အတ္တဆန်တတ်တယ်။ အပူအပင်မထားပဲ ခပ်ပေါ့ပေါ့နေတတ်တယ်။ အလုပ်ကို အားကြိုးမာန်တက် လုပ်ကိုင်လေ့မရှိဘူး။

၅။ ပန့်ခ်ရော့ခ်

ပန့်ခ်ရော့ခ် ပရိသတ်တွေက တက်တက်ကြွကြွ ပြုမူနေထိုင်တတ်တယ်။ မျှဝေခံစားတတ်မှု အားနည်းတယ်။ အရာရာကို အလေးအနက်ထားလေ့ရှိတယ်။

play

 

၆။ ဖော့ခ်၊ ဘလူးစ်၊ ဂျက်ဇ်

ဒီ ဂီတအမျိုးအစားတွေကို ကြိုက်သူတွေကတော့ လေးလေးနက်နက် တွေးတောတတ်တယ်။ ဖန်တီးမှုအား အလွန်ကောင်းတယ်။ ပွင့်လင်းဖော်ရွေသူတွေ ဖြစ်တယ်။

၇။ ကန်းထရီး

ကန်းထရီးကြိုက်သူတွေက မျှဝေခံစားတတ်ပြီး ပျော်ပျော်နေတတ်ပါတယ်။ အလုပ်ကို အားကြိုးမာန်တက် လုပ်လေ့ရှိပါတယ်။

၈။ ပေါ့ပ်

ပေါ့ပ်ဂီတချစ်သူတွေက ဖန်တီးမှုအား အရမ်းကြီး မကောင်းတတ်ပါဘူး။ စိုးရိမ်ပူပန်တတ်တယ်။ အပြင်ထွက်သွားလာပြီး လူတွေနဲ့ တွေ့ဆုံပြောဆိုရတာကို နှစ်သက်တယ်။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတတ်ပါတယ်။
Source & Photo: Tech & Facts

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ