AD
AD
AD
play

 

 မြန်မာအမည်တွေနဲ့ လမ်းနာမည်ဟာ  စင်္ကာပူနိုင်ငံမှာ တစ်ခုမကဘဲ ဆယ်ခုကျော်ထိ ရှိပါတယ်။ ရန်ကုန်လမ်း၊ မန္တလေးလမ်း၊ ရှမ်းလမ်း၊ ဧရာဝတီလမ်း၊ မင်းဘူးလမ်း၊ မော်လမြိုင်လမ်း၊ ပုသိမ်လမ်းနဲ့ စတဲ့ လမ်းနာမည်ပေါင်း ၁၀ ခုကျော်ထိရှိတာ ဖြစ်ပါတယ်။

ဒီလို ရှိရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး ယူဆချက်တွေ အမြောက်အများရှိပါတယ်။ ဒီထဲကမှ စင်္ကာပူ The Straits Time သတင်းစာကြီးရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ်က ယူဆချက်(၂) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

play

 

စစ်ပွဲ

အင်္ဂလိပ်-မြန်မာ စစ်ပွဲတွေ ဖြစ်ပွားနေတဲ့ ၁၈၀၀ ပြည့်နှစ်တွေမှာ ဒီလမ်းနာမည်တွေ ပေါ်လာတာဖြစ်ပါတယ်။ မြို့တစ်မြို့ကို သိမ်းပိုက်နိုင်တဲ့အခါ အဆိုပါမြို့ရဲ့နာမည်ကို အင်္ဂလိပ်တွေက စင်္ကာပူမှာ ခေါ်တွင်စေတာလို့ ဆိုပါတယ်။ ဒီအယူအဆက မဖြစ်နိုင်ဘူးလို့ ဆိုကြပါတယ်။ ဗြိတိသျှတွေဟာ မြန်မာနိုင်ငံကို တောင်ဘက်ကနေ သိမ်းပိုက်ခဲ့တာဖြစ်ပြီး မြို့နာမည်တွေက အစီစဉ်မကျဘဲ မြန်မာနိုင်ငံကို မြေပုံမှာ ကျော်ခွပြီး တိုက်ခဲ့သလို ဖြစ်နေပါတယ်။

ဦးကျော်ခေါင်

 သြဇာလွှမ်းမိုးမှုရှိတဲ့ မြန်မာလူမျိုး ဦးကျော်ခေါင်ဆိုတာ စင်္ကာပူမှာ နေထိုင်ခဲ့ပါတယ်။ သူဟာ ၁၈၀၀ ပြည့်နှစ်တွေမှာ စင်္ကာပူကို ပြောင်းရွှေ့လာတာလို့ ခန့်မှန်းရပါတယ်။ သူဟာ အာဏာပိုင်တွေကို သြဇာလွှမ်းမိုးမှုရှိတာကြောင့် သူ့ရဲ့တင်ပြမှုနဲ့ ဒီလမ်းနာမည်တွေ ဖြစ်ပေါ်လာတယ်လို့လည်း ယူဆကြပါတယ်။ 

Source: The Straits Time, Google Map

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle

AD