Lifestyle: အရုပ်မလေးနဲ့ ကြည်နူးဖွယ် ချစ်သူဘဝပိုင်ဆိုင်ထားတဲ့ ဓာတ်ပုံဆရာ

အထီးကျန်ဆန်လှတဲ့ အမျိုးသားဟာ အရုပ်မနဲ့ အတူအိပ်၊ အတူစားတဲ့အပြင် ခရီးအတူထွက်ပါတယ်။

play

 

ဂျွန်ကိုရီးယားဆိုတဲ့ အမျိုးသားဟာ သူနဲ့ သူရဲ့ချစ်သူ အီဗာတို့ရဲ့ နှစ်ကိုယ်တူဘဝကို ပြသလိုက်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူနဲ့ အတူ လမ်းလျှောက်၊ စကားပြောနေတဲ့သူက တကယ့် မိန်းကလေးအစစ် မဟုတ်ပါဘူး။

play

 

ဒါဟာ အမှန်တကယ် ဆက်ဆံရေးတစ်ခုမဟုတ်ဘူးလို့ ထင်ရပေမဲ့ ဂျွန်ကိုရီးယားကတော့ သူနဲ့ သူ့ရဲ့ ချစ်သူအမည်ခံ အရုပ်မလေးရဲ့ စိတ်ပိုင်းဆိုင်ရာ ဆက်နွှယ်မှုကို ပြသလိုက်ပါတယ်။

play

 

တောင်ကိုရီးယားနိုင်ငံမှာ မွေးဖွားပြီး လက်ရှိ နယူးယော့ခ်မှာနေထိုင်တဲ့ ဂျွန်ဟာ အထီးကျန်နေတဲ့အတွက် အရုပ်မကို ဝယ်ခဲ့တာ ဖြစ်ပြီး အီဗာလို့ အမည်ပေးကာ အခုဆိုရင် သူမနဲ့ ပျော်ရွှင်ကြည်နူးမှုရရှိနေပြီလို့ ဝန်ခံခဲ့ပါတယ်။

သူဟာ အီဗာနဲ့အတူ စားတဲ့ အိပ်တဲ့အပြင် အတူခရီးသွားရင်း သူတို့ရဲ့ဆက်ဆံရေးကို အစစ်အမှန်လိုဖြစ်အောင် ဖန်တီးယူခဲ့ပါတယ်။

play

 

အသက် ၃၄ နှစ်အရွယ် ဂျွန်ဟာ အရုပ်မလေးနဲ့ တွဲလို့ ဓာတ်ပုံတွေ ရိုက်ပြီး ဆိုရှယ်မီဒီယာမှာ မျှဝေခဲ့ပါတယ်။ သူတို့နှစ်ယောက်ကြည့်ရတာ တကယ့်ကို ရိုမန်တစ်ဆန်ပြီး ချစ်သူစုံတွဲ အစစ်တွေလိုပါပဲ။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ