Lifestyle: ပိုက်ဆံမကုန်သလောက်နီးပါးနဲ့ သင့်အခန်းကို လှအောင် လုပ်နည်း

ကိုယ့်ဘဝအမှတ်အသားမရှိတဲ့ ကိုယ့်အခန်းဟာ အသက်ကင်းမဲ့နေတဲ့ အခန်းလိုပါပဲ။

play

 

၁ - အပိုပစ္စည်းတွေအားလုံး ဖယ်ရှားပါ

ဆင်ယင်ထားတဲ့ တိုလီမုတ်စပစ္စည်းတွေ အားလုံးကို ဖယ်ရှားပြီး တစ်နေရာမှာ စုပုံထားလိုက်ပါ။

၂ - တကယ်ကြိုက်မှ ထား

ကိုယ်တကယ်ကြိုက်တဲ့ပစ္စည်းတွေကိုပဲ အခန်းထဲမှာ ထားပါ။ ဆင်ယင်ထားတဲ့ ပစ္စည်းတွေ များနေတာကြောင့် ကိုယ်တကယ်နှစ်သက်တဲ့ ပစ္စည်းတွေ ပေါ်လွင်မှု မရှိတော့ပါဘူး။

play

 

၃ - နေရာပြောင်း

နေရာအမျိုးမျိုးမှာ ထားကြည့်ပါ။ ပစ္စည်းတွေကို ယခင်ထားတဲ့နေရာမှာ မထားဘဲ နေရာအမျိုးမျိုးမှာ ပြောင်းရွှေ့ထားကြည့်ပါ။

၎ - အပြောင်းအလဲ

အခြားအခန်းထဲက ပစ္စည်းတွေနဲ့ ကိုယ့်အခန်းထဲက ပစ္စည်းကို လဲကြည့်ပါ။ ဥပမာ- အခန်းထဲက ပန်းအိုးကို ဧည့်ခန်းထဲက ပန်းအိုးနဲ့ လဲလိုက်တဲ့အခါ အသစ်လိုဖြစ်သွားပါတယ်။

၅ - ပြန်သုံး

ဟောင်းနေတဲ့တစ်ချို့ပစ္စည်းတွေကို ဆေးပြန်သုတ်ပါ။ အရောင်တင်ပါ။

play

 

၆ - စိမ်းစိမ်းစိုစို

စိမ်းစိမ်းစိုစို အပင်လေးတွေရှိတာကောင်းပါတယ်။ အစစ်မဟုတ်တောင် အပင်တုမျိုးထားပါ။ ပိုစတာကြိုက်တယ်ဆိုရင် အစိမ်းရောင်ပိုစတာ ထားလည်း ရပါတယ်။

၇ - အဓိပ္ပါယ်ထည့်

မိသားစုဓာတ်ပုံလို၊ ကိုယ်အမှတ်တရအဖြစ်ဆုံး ဓာတ်ပုံလို ပစ္စည်းမျိုး အခန်းထဲမှာ ထားသင့်ပါတယ်။ ကိုယ့်ဘဝအမှတ်အသားမရှိတဲ့ ကိုယ့်အခန်းဟာ အသက်ကင်းမဲ့နေတဲ့ အခန်းလိုပါပဲ။

Photos & Source: about home

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ