Lifestyle: ကလေးတွေကို သိမ်မွေ့ငြင်သာစွာ ချီနည်း

သင်ဖျားနေတဲ့ အချိန်ဆို ကလေးမချီပါနဲ့။

play

 

ပုခက်ပုံစံ

ပုံပါအတိုင်း လက်အကွေးထဲမှာ ကလေးရဲ့ခေါင်းကို ထားပြီး တခြားလက်နဲ့ ကလေးရဲ့ခန္ဓာကိုယ်ကို ထိန်းထားတာ ဖြစ်ပါတယ်။ ကလေးကို စကားပြောမယ်၊ ကလေးကို ကြည့်မယ်ဆိုရင် အကောင်းဆုံးပုံစံပါ။

တင်းပါးကချီတဲ့ ပုံစံ

play

 

လည်ပင်းရိုးမာလာပြီး ကလေးခေါင်းမတ်လာမှ ချီရမယ့် ပုံစံပါ။ တင်ပါးအောက်နားကို ပွေ့ထားပြီးကလေးကို လက်ပေါ်မှာ ထိုင်စေတာဖြစ်ပါတယ်။ ကလေးတွေ ဟိုဟိုဒီဒီ ကြည့်ချင်တဲ့အခါ အဆင်ပြေဆုံးပုံစံ ဖြစ်ပါတယ်။

အိပ်မယ်ဆို

play

 

အောက်ပိုင်းကိုချီထားပြီး လည်ပင်းကို ပခုံးပေါ်တင်ပေးလိုက်တာပါ။ နောက်လက်တစ်ဖက်ကနေလည်း သူ့ကျောကုန်းလေးကို၊ သူ့လည်ပင်းရိုးလေးကို ကိုင်ပေးထားသင့်ပါတယ်။ ကလေးတွေအိပ်မယ်ဆို အသင့်လျော်ဆုံးပုံစံဖြစ်ပါတယ်။

ဒီလိုဆို မချီနဲ့

သင်ဖျားနေတဲ့ အချိန်ဆို ကလေးမချီပါနဲ့။ လက်တွေသန့်မှ ကလေးကို ချီပါ။

Photos & Source: verywell

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ