Lifestyle: လိပ်နဲ့ဖား သူငယ်ချင်းနှစ်ယောက်ရဲ့ ပုံရိပ်များ

လိပ်နဲ့ဖားက သူငယ်ချင်းတွေပမာ သွားလာနေထိုင်ကြတာကို ဓာတ်ပုံရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

play


လိပ်နဲ့ဖား သူငယ်ချင်းအဖြစ် သွားလာနေထိုင်ကြတဲ့ ရယ်ရွှင်ကြည်နူးဖွယ် ပုံရိပ်တွေကို အင်ဒိုနီးရှား အပျော်တမ်းဓာတ်ပုံဆရာ ဆူဟာမန် ဘွန်တိုရိုက အမိအရ မှတ်တမ်းတင်ထားခဲ့ပါတယ်။

play


ဂျကာတာမြို့အနီး တန်ဂျာရန်မြို့ငယ်လေးရှိ ၎င်းရဲ့အိမ်နောက်ဖက် ဥယျာဉ်ခြံအတွင်း အစီမ်းရောင် ဖားလေးတစ်ကောင်နဲ့ လိပ်ငယ်တစ်ကောင်တို့ကို တွေ့ရှိခဲ့ပါတယ်။

play


သူတို့နှစ်ကောင်က သူငယ်ချင်းတွေပမာ သွားလာနေထိုင်ကြတာကို ဆူဟာမန်က မြင်တွေ့ခဲ့ပြီးနောက် ဓာတ်ပုံရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

play


ပုံတစ်ပုံမှာ လိပ်ရဲကျောပေါ်မှာ ဖားက လိုက်ပါသွားလာနေတာ တွေ့ရသလို တစ်ပုံမှာတော့ ဖားက လိပ်ကို အနောက်က တွန်းပေးနေဟန် တွေ့မြင်ရပါတယ်။

play


Source & Photo: DLML, Suherman Buntoro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ