Lifestyle: ညှပ်ဖိနပ်ဝယ်မယ်ဆိုရင် သိထားသင့်တဲ့အချက် (၈) ချက်

ဖိနပ်က နိမ့်သွားတာ၊ ပုံစံပျက်သွားတာမျိုး ဆိုရင် စွန့်လွှတ်သင့်ပါတယ်။

play

 

၁ - တန်ဖိုးမြင့် အရည်အသွေးကောင်းတဲ့ ဖိနပ်ပါးကို ဝတ်ပါ။ သားရေသားကြိုးနဲ့ ဖိနပ်ပါးတွေက မိုးရာသီမှာ ပိုပြီးအဆင်ပြေပါတယ်။ ရေစိုပြီး တွန်းတိုက်တာကြောင့် ပွန်းတဲ့ ဒဏ်မျိုးကို ပိုခံနိုင်ပါတယ်။

၂ - ညှပ်ဖိနပ်ပါးဝတ်တဲ့အခါ ဖိနပ်ရဲ့ အလယ်မှာ ခြေထောက်က ရှိတာ သေချာပါစေ။ ခြေထောက်က တစ်ဖက်စွန်းမှာ ရောက်မနေသင့်ပါဘူး။

play

 

၃ - ဖိနပ်ထိပ်ဖက်အစွန်းတွေကနေ ခေါက်ကြည့်တဲ့အခါ ဝိုင်းပြီး ကွေးနေတာမျိုး ဖြစ်သင့်ပါတယ်။

၎ - ညှပ်ဖိနပ်တွေကို နှစ်ချီပြီး မဝတ်သင့်ပါဘူး။ ဖိနပ်က နိမ့်သွားတာ၊ ပုံစံပျက်သွားတာမျိုး ဆိုရင် စွန့်လွှတ်သင့်ပါတယ်။

၅ - မာကြမ်းတဲ့ခရီးတွေမှာ ညှပ်ဖိနပ်မဝတ်ပါနဲ့။

play

 

၆ - ညှပ်ဖိနပ်နဲ့ အားကစားမလုပ်ပါနဲ့။ ခြေချင်းဝတ် လည်သွားတတ်ပါတယ်။

၇ - ဖိနပ်ခုံမှာ နောက်ထပ် အထပ်ပါတဲ့ ဖိနပ်မျိုးကိုရွေးပါ။ အဆိုပါ ဖိနပ်ခုံအထပ်ဟာ လက်မဝက်လောက်ထူသင့်ပါတယ်။

၈ - စိုတဲ့ နေရာမှာ ဝတ်မယ်ဆိုရင်  သားရေသားအောက်ခံကို မရွေးသင့်ပါဘူး။

Photos & Source: Zee News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ