Lifestyle: အသက် ၅၀ မတိုင်မီ ရှိထားသင့်တဲ့ အလေ့အကျင့် (၇) ခု

အသက် ၅၀ မတိုင်မီ နားထောင်တတ်တဲ့ အကျင့်မရှိဘူးဆိုရင် အသက်ကြီးတဲ့အခါ မုန်းစရာလူကြီးတစ်ယောက်ဖြစ်လာပါလိမ့်မယ်။

play

 

၁ - ထိန်းချုပ်တတ်တဲ့အကျင့်

ဒေါသထွက်လွယ်ပြီး အငြင်းသန်တဲ့လူတွေဟာ အသက်တိုတယ်လို့ ၂၀၁၄ ခုနှစ်မှာ ပြုလုပ်ထားတဲ့ သုတေသနတစ်ခုက တွေ့ရှိထားပါတယ်။ အလွယ်တကူဒေါသမထွက်အောင် နေတတ်ဖို့က အသက် ၅၀ မတိုင်မီ ရှိထားရမယ့် အလေ့အကျင့်တစ်ခု ဖြစ်ပါတယ်။

၂ - လူစိမ်းတွေနဲ့ ကောင်းကောင်းဆက်ဆံ

ကားမောင်းလာတုန်း တစ်ဖက်ယာဉ်ကြောက တစ်စီးလောက်ဆိုပြီး နေရာတောင်းရင် ပေးလိုက်ပါ။ လိုင်းကားပေါ်မှာ လိုအပ်တဲ့လူရှိရင် ခုံကနေ ထပေးပါ။ လူစိမ်းတွေကို ရုတ်တရက် ကောင်းကောင်းမွန်မွန် ဆက်ဆံတတ်အောင် လေ့ကျင့်ထားပါ။

play

 

၃  - ရောင့်ရဲပါ

ရုပ်ပိုင်းဆိုင်ရာ ပစ္စည်းတွေနဲ့ ရောင့်ရဲမှုရှိပါ။

၎ - မနှိပ်စက်နဲ့

ကိုယ့်ခန္ဓာကိုယ်ကို မနှိပ်စက်ပါနဲ့။ အရက်အလွန်အကျွံသောက်တာ၊ ဆေးလိပ်အလွန်အကျွံသောက်တဲ့ အကျင့်တွေကို ထိန်းချုပ်နိုင်အောင် ကျင့်ထားပါ။

၅ - ဝေမျှပါ

ဖေ့ဘွတ်ပေါ်မှာ ဝေမျှတာမျိုး မဟုတ်ပါဘူး။ လက်တွေ့ဘဝမှာပါ ကူညီဝေမျှတတ်အောင် ကျင့်ထားပါ။

play

 

၆ - နားထောင်

နားထောင်ပါ။ အသက် ၅၀ မတိုင်မီ နားထောင်တတ်တဲ့ အကျင့်မရှိဘူးဆိုရင် အသက်ကြီးတဲ့အခါ မုန်းစရာလူကြီးတစ်ယောက်ဖြစ်လာပါလိမ့်မယ်။

၇ - ခွင့်လွှတ်ပါ

တော်ရုံကိစ္စလောက်ကိုလည်း ခွင့်လွတ်တတ်အောင်လည် ကျင့်ထားပါ။

Photos & Source: Huffington

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ