Lifestyle: မျက်ရည်ဘယ်နှစ်မျိုး ရှိလဲ

လူတစ်ယောက်မှာ လှုပ်ရှားနေတဲ့ခံစားချက်တွေကို ထိန်းညှိပေးဖို့ မျက်ရည်ထွက်လာတာ ဖြစ်ပါတယ်။

play

 

လူမှာ မျက်ရည်နဲ့ပက်သက်ပြီး အမျိုးအစား (၃) မျိုး ရှိပါတယ်။

၁ - အောက်ခံမျက်ရည်

ဒီမျက်ရည်က မျက်လုံးမှာ တစ်ချိန်လုံးရှိနေပြီး ရှိမှန်းမသိပါဘူး။ အမှုန်အမွှားတွေနဲ့ မျက်လုံးယားယံတာမျိုးတွေ မဖြစ်ဖို့ ကာကွယ်ပေးထားတာ ဖြစ်ပါတယ်။

play

 

၂ - တုံ့ပြန်မျက်ရည်

တစ်စုံတစ်ခုကြောင့် ကျတဲ့ မျက်ရည်ဖြစ်ပါတယ်။ ကြက်သွန်လှီးတဲ့အခါမျိုးမှာ ကျတဲ့ မျက်ရည်မျိုး ဖြစ်ပါတယ်။ မျက်လုံးထိခိုက်စေတဲ့ အရာဟာ အောက်ခံမျက်ရည်တုံ့ပြန်နိုင်တဲ့ ပမာဏထက်များနေရင်  ဒီမျက်ရည်က ထွက်လာတာဖြစ်ပါတယ်။

play

 

၃ - ခံစားချက်မျက်ရည်

ခံစားချက်ကြောင့် ကျတဲ့မျက်ရည်ဖြစ်ပါတယ်။ မျက်ရည်လို့ပြောလိုက်တာနဲ့ လူတွေစိတ်ထဲမှာမြင်တဲ့ မျက်ရည်အမျိုးအစားဖြစ်ပါတယ်။ အလွန်ပျော်တဲ့ အချိန်၊ အလွန်ဝမ်းနည်းတဲ့ အချိန်မျိုးတွေမှာ ကျတတ်တဲ့ မျက်ရည်မျိုး ဖြစ်ပါတယ်။ အဆိုပါမျက်ရည်ဟာ လူတစ်ယောက်မှာ လှုပ်ရှားနေတဲ့ခံစားချက်တွေကို ထိန်းညှိပေးဖို့ ထွက်လာတဲ့ မျက်ရည် ဖြစ်ပါတယ်။ 

Photos & Source: The LaLa

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ