Lifestyle: လူတွေချစ်တဲ့ သစ်သီးသည်ခွေးလေး

ကူဖော်လောင်ဖက်ကောင်းတစ်ယောက်ကို ရထားသလိုပါပဲလို့ ဆိုပါတယ်။

 

သစ်သီးရောင်းတာ လူမဟုတ်ဘဲ ခွေးလေးတစ်ကောင်ဖြစ်နေလို့ ဈေးကိုလာကြတဲ့လူတွေက စိတ်ဝင်တစားကြည့်ရှုခြင်းကိုလည်း ခံနေရပါတယ်။ သူကလည်း အမျိုးသမီးတစ်ယောက်လို ဝတ်စားပြင်ဆင်ထားပါသေးတယ်။

 

ထိုင်ဝမ်က ရှောင်းပီဆိုတဲ့ ၇ နှစ်သား ခွေးလေးဟာ အဝတ်အစားအမျိုးမျိုးဝတ်ဆင်ကာ သစ်သီးဆိုင်မှာထိုင်နေတာကို လူတွေက သဘောကျနေကြပါတယ်။ ရှောင်းပီက ရာသီပေါ်သစ်သီးမျိုးစုံကို ရောင်းနေတာပါ။

 

တစ်ခါတစ်လေဆိုရင် သစ်သီးတွေကိုပန်းကုံးလိုသီပြီး ခေါင်းပေါ်မှာစွပ်ထားတာ တွေ့ရပါသေးတယ်။

 

သစ်သီးဆိုင်ပိုင်ရှင် အမျိုးသမီးကြီးက ရှောင်းပီကို ခုလိုဆင်ပေးထားတာပါ။ ခွေးလေးကြောင့်လည်း ဈေးရောင်းကောင်းလာခဲ့တယ်လို့ ဆိုင်ရှင်က ဆိုပါတယ်။ ရှောင်းပီရဲ့အကြောင်းကိုလည်း အွန်လိုင်းပေါ်မှာ ရေးသားထားလို့ ဖတ်ရှုသူတွေလည်းများပြားပြီး ဆိုင်ကိုလာရောက်သူတွေလည်း တိုးပွားလာခဲ့ရပါတယ်။

Source : CCTV

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ