Lifestyle: စားပွဲခုံကိုကြည့်ပြီး ခုံပိုင်ရှင်က ဘယ်လိုလူမျိုးလဲ ပြောနိုင်

, updated

သူတို့ရဲ့စားပွဲခုံပေါ်က ပစ္စည်းထားသိုပုံတွေကို ကြည့်ပြီး စိတ်နေစိတ်ထားကို ခန့်မှန်းလို့ ရပါတယ်။

play

 

၁ - ရှုပ်ပွသူ

အများနဲ့ ရောရောနှောနှောနေတတ်ပြီး အပေါင်းအသင်းဆံ့သူတွေရဲ့ ခုံဟာ ရှုပ်ပွနေတတ်ပါတယ်။ သုတေသနတစ်ခုအရ ဒီလိုလူမျိုးတွေဟာ တစ်စုံတစ်ရာကို လျင်လျင်မြန်မြန်ငြီးငွေ့တတ်သူတွေ ဖြစ်ပါတယ်။ သူတို့တွေ ဒီလို ရှုပ်ပွနေထိုင်တတ်တာကို မကောင်းတဲ့ဘက်က သွားကြည့်လို့မရပါဘူး။ အလုပ်မှာ သူများထက် မလျော့တမ်း လုပ်နိုင်သူတွေပါ။ စကားပြောရတာကို သဘောကျသူတွေ ဖြစ်ပါတယ်။

၂ - အနည်းဆုံးသမား

play

 

ရှုပ်ပွသူတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်ပါတယ်။ ခုံပေါ်မှာ မလိုအပ်တဲ့ ပစ္စည်း ဘာမှ မထားသူတွေပါ။ သူတို့စားပွဲက သူများစားပွဲတွေထက် ပိုရှင်းနေတတ်ပါတယ်။ တစ်ဖက်သားကို အမြဲသတိထားသူတွေ ဖြစ်တတ်ပြီး စည်းကမ်းလိုက်နာသူတွေလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ဟာ နေရာတစ်ခုကို အလွန်တွယ်တာတဲ့ပုံစံမျိုး မရှိပါဘူး။ ဘာပြဿ     နာမှ မရှိဘဲ နေရာတစ်ခုက ထွက်သွားတတ်ပါတယ်။

၃ - နေရာယူသူ

play

 

အလုပ်မှာ နေရာအကျယ်ကြီး ယူထားတတ်သူတွေ ဖြစ်ပါတယ်။ သူတို့ရောက်နေတဲ့ နေရာကို သဘောကျသူတွေ ဖြစ်ပါတယ်။ သူများကိစ္စမှာ ပါတတ်သူတွေ ဖြစ်ပါတယ်။ သူများအကြောင်း စိတ်ဝင်စားပါတယ်။ သူတို့ကို အလိုလိုက်ရင် သူတို့ရဲ့ လွှမ်းမိုးမှုကို ခံရတတ်ပါတယ်။

၎ - မပေါ်လွင်သူ

play

 

သူတို့ခုံဟာ အခြားလူတွေရဲ့ ခုံနဲ့ ယှဉ်ရင် ပေါ်လွင်မှုမရှိပါဘူး။ သာမန်ဆန်ပါတယ်။ ဒါပေမဲ့ သူတို့ဟာ ပါးနပ်သူတွေပါ။ ပတ်ဝန်းကျင်မှာ ဘာဖြစ်နေတယ်ဆိုတာကို ကောင်းကောင်းသိသူပါ။ နောက်ကျောမှာ နံရံကြီးပဲ ထားထားသလိုမျိုး ရန်သူတွေနောက်က ဝင်မလာနိုင်အောင် နေတတ်သူမျိုးပါ။  သူတို့က အလွယ်တကူကြောက်တတ်၊ လန့်တတ်ပါတယ်။ အလုပ်တော့ ကြိုးစားသူတွေ ဖြစ်ပါတယ်။ သူတို့ကို အချိန်ပေးဆက်ဆံကြည့်ရင် ခင်ဖို့ ကောင်းသူတွေ ဖြစ်ပါတယ်။

၅ - ပုဂ္ဂိုလ်ရေးသမား

play

 

သူတို့စားပွဲပေါ်မှာ သူတို့ဘဝနဲ့ ပတ်သက်တာတွေ ထားထားသူမျိုးပါ။ မိသားစုပုံတွေ၊ သူတို့ကြိုက်တဲ့လူတွေ၊ သူတို့ကြိုက်တဲ့ ဆိုးရိုးတွေကို ကပ်ထားတာမျိုး လုပ်တတ်သူပါ။ ပန်းအိုးလေးတွေဘာတွေနဲ့လည်း ခုံကို အလှဆင်ထားတတ်ပါတယ်။ သူတို့ဟာ ယုံကြည်ချက်ရှိပြီး အတွေးအခေါ်ပိုင်းမှာ လွပ်လပ်ပါတယ်။ ပညာတတ်တွေဖြစ်ပေမဲ့ သူတို့ရဲ့ အသိပညာကို ထုတ်ပြရတာမျိုး သဘောမကျပါဘူး။ ပြတင်းပေါက်နားက ခုံဆိုရင် သူတို့က သိပ်သဘောကျပါတယ်။ စိတ်ကူးဉာဏ်နဲ့ တီထွင်နိုင်စွမ်းကောင်းပါတယ်။

Photos & Source: Lifehack

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ