Lifestyle: ခွေးကိုပါ ပန်းရောင်ဆိုးပေးထားတဲ့ ပန်းရောင်ကမ္ဘာထဲက အမျိုးသမီး

ပေါင် တစ်သန်းကျော် အသုံးပြုပြီး ပန်းရောင်ကမ္ဘာကို ဖန်တီးခဲ့သူပါ။

play

 

ဟောလိဝုဒ်မှာ နေထိုင်တဲ့ အသက် ၅၂ နှစ်အရွယ် ကစ်တင်းကေဟာ ပန်းရောင်ကို အလွန်အမင်း နှစ်သက်တဲ့အတွက် ၃၅ နှစ်လုံးလုံး ပန်းရောင်ကိုပဲ ဝတ်ဆင်လာခဲ့သူဖြစ်ကာ အိမ်ကိုလည်း ပန်းရောင်တွေနဲ့ချည်း အလှဆင်လို့ ခွေးကိုတောင် ပန်းရောင် ဆိုးပေးထားပါတယ်။

play

 

"ပန်းရောင်ကလွဲလို့ တခြားအရောင်တွေ ဝတ်ဖို့ဆိုတာ ကျွန်မအတွက် မဖြစ်နိုင်ဘူး" လို့ သူမက ပြောပါတယ်။

"ပန်းရောင်က ကျွန်မဘဝပါ။ ကျွန်မအတွက် စိတ်အေးချမ်းသာရာလည်းဖြစ်တယ်။ အရောင်တွေကို အထူးတလည် ဂရုစိုက်တဲ့သူရှိမှာလဲ။ ကျွန်မအတွက်ကတော့ ပန်းရောင်က စိုးမိုးထားတယ်" လို့ သူမက ဆိုပါတယ်။

play
သူမလိုပဲ ပန်းရောင်နှစ်သက်သူ ပဲရစ်ဟီတန်နဲ့အတူ တွေ့ရစဉ်

"ကျွန်မက ကမ္ဘာပေါ်မှာ ပန်းရောင်အများဆုံးသူ ဖြစ်တယ်။ ကျွန်မဘဝကို ပန်းရောင်ထဲမှာ နှစ်မြုပ်ထားတယ်။ တချို့သူတွေက ကျွန်မကို ကြောင်တောင်တောင်နိုင်တယ်လို့ ထင်ကြတယ်" လို့လည်း သူမက ဝန်ခံခဲ့ပါတယ်။

ပန်းရောင်အိပ်ရာပေါ်ကထ၊ ပန်းရောင် ဝတ်ရုံကို ဝတ်၊ ပန်းရောင် မျက်နှာသစ်ဆပ်ပြာနဲ့ မျက်နှာသစ်၊ သူမရဲ့ပန်းရောင်ခွေးမလေး မစ္စကစ်ဆက်ကို ပန်းရောင်ခွက်လေးနဲ့ အစာကျွေးဟာ ကစ်တင်းရဲ့ နေ့စဉ် အလုပ်ဖြစ်ပါတယ်။

play

 

ကစ်တင်းဟာ ပန်းရောင် ဆပ်ပြာတွေကိုသာ အသုံးပြုပြီး ပန်းရောင်မိတ်ကပ်ကိုပဲ လိမ်းကာ ပန်းရောင် အဝတ်အစားတွေကိုပဲ ဝတ်ပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ