Lifestyle: မိဘတွေက ကလေးများကို အစားအစာ လိုတာထက်ပိုကျွေးနေဟုဆို

အသက်တစ်နှစ်မှ လေးနှစ်အရွယ် ကလေးငယ် ၈၀ ရာခိုင်နှုန်းဟာ သူတို့ရဲ့လိုအပ်ချက်ထက် ပိုများနေတဲ့ အစားအစာတွေ စားနေရပါတယ်။

play


မိဘ ၁၀ ရာခိုင်နှုန်းက ကလေးတွေကို လိုအပ်တဲ့မာဏထက် ပိုများတဲ့ အစားအစာ ကျွေးနေကြတယ်လို့ သုတေသနအသစ် ရလဒ်က ဆိုပါတယ်။ မိဘ ၁၀ ရာခိုင်နှုန်းဟာ အရွယ်ရောက်ပြီးသူတွေ စားသောက်တဲ့ ပမာဏအတိုင်း ကလေးတွေကိုလည်း အစားအစာ ကျွေးနေကြတာ ဖြစ်ပါတယ်။

play


လေ့လာမှုအရ အသက်တစ်နှစ်မှ လေးနှစ်အရွယ် ကလေးငယ် ၈၀ ရာခိုင်နှုန်းဟာ သူတို့ရဲ့လိုအပ်ချက်ထက် ပိုများနေတဲ့ အစားအစာတွေ စားနေရတယ်လို့လည်း သုတေသီတွေက ပြောပါတယ်။ အဆိုပါ သုတေသနကို Infant and Toddler Forum (ITF) က မိဘ ၁,၀၀၀ ကို လေ့လာဆန်းစစ်ပြီး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

play


အသက်အရွယ်အရ လိုအပ်တဲ့ ပမာဏထက် အစားအစာ ပိုကျွေးခံရတဲ့ ကလေးငယ်တွေဟာ အဝလွန်မှု ဖြစ်လာနိုင်ခြေများပါတယ်။ ITF အသက်တစ်နှစ်မှ လေးနှစ်အရွယ် ကလေးငယ်တွေကို ကျွေးရမယ့် အစားအသောက် ပမာဏကိုလည်း ဓာတ်ပုံများဖြင့် ဥပမာပေး ပြသထားပါတယ်။
Source & Photo: ITF, DLML

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ