Lifestyle: တာယာဘီး အဟောင်းတွေကို ခြံထဲမှာ ပြန်သုံးနည်း (၃)မျိုး

အချိန်ပေးနိုင်တယ်ဆိုရင် တာယာဘီးတွေကို လွှင့်ပစ်မယ့်အစား ဒီလိုမျိုးလေးတွေ သုံးကြည့်သင့်ပါတယ်။

 

၁ - ကန်

 

တာယာကွင်းကို ဖြတ်ပြီး မြေကြီးထဲမြှပ်ကာ ကွန်ကရစ်လောင်းရမှာ ဖြစ်ပါတယ်။ ကွန်ကရစ်ခြောက်သွားရင် သဲခင်းကာ ကျောက်စရစ်ခဲလေးတွေ၊ အပင်လေးတွေနဲ့ပါ အလှဆင်လို့ ရပါတယ်။ နည်းနည်းတော့ အကုန်အကျများပါမယ်။

၂ - ပန်းဆွဲ

 

ခြံဝင်းပြင်ပ အိမ်နံရံမှာ ချိတ်ရင် ပိုကောင်းပါတယ်။ တာယာကွင်းကို ဆေးသုတ်ပြီး ရေထွက်ပေါက်အတွက် အောက်ဖက်မှာ အပေါက်ဖောက်ဖို့ လိုပါတယ်။ တာယာကွင်း အသေးလေးတွေဆို ပိုလှပါတယ်။

၃ - ရေပိုက်

 

ခြံဝင်းထဲမှာ ရေပိုက်ကို ဒီအတိုင်းပစ်ထားမဲ့အစား ပုံပါအတိုင်းလုပ်ပြီးထားရင် သပ်သပ်ရပ်ရပ် လှလှပပရှိပါတယ်။

Photos & Source: DIY & CRAFT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ