Lifestyle: သေဆုံးသူတွေရဲ့ ကိုယ်ပွားအရုပ်တွေရှိတဲ့ ဂျပန်ရွာကလေး

အရုပ်ပေါင်း ၃၅၀ ကျော်တောင် ရှိနေပါပြီ။

play

 

ဂျပန်အမျိုးသမီးတစ်ဦးဟာ သူမရွာက လူတစ်ယောက် သေဆုံးသွားတိုင်း အဲဒီလူရဲ့အရွယ်အစားအတိုင်း အရုပ်တစ်ရုပ်လုပ်ပြီး အစားထိုးလေ့ရှိပါတယ်။

play

 

ဂျပန်နိုင်ငံတောင်ပိုင်းမှာရှိတဲ့ နာဂိုရိုရွာလေးမှာ အခုဆိုရင် အရုပ်အရေအတွက်ဟာ လူအရေအတွက်ထက်တောင် များပြားနေပါပြီ။

play

 

ဆူကီမီအာရာနိုဟာ တစ်ချိန်က စည်ကားခဲ့တဲ့ သူမရဲ့ရွာလေးကို အမှတ်တရရှိနေစဖေို့ သေဆုံးသူတွေရဲ့ ကိုယ်ပွားအရုပ်လေးတွေကို နှစ်ပေါင်းများစွာ ပြုလုပ်လာခဲ့တာ အခုဆိုရင် အရုပ်ပေါင်း ၃၅၀ ကျော်တောင် ရှိနေပါပြီ။

play

 

"အရုပ်တွေ စလုပ်ချိန်ကစပြီး ကျွန်မဟာ တစ်ယောက်တည်းမဟုတ်တော့ဘူး။ နေ့စဉ် ကျွန်မဆီကို လာလည်တဲ့သူတွေ ရှိလာတယ်" လို့ အသက် ၆၇ နှစ်ရှိပြီ ဖြစ်တဲ့ အမျိုးသမီးက ဆိုပါတယ်။

play

 

ယခုအခါ နေထိုင်သူ ၃၀ ခန့်သာ ရှိတော့ လူသူအရောက်အပေါက်နည်းတဲ့ တောင်ပေါ်ရွာလေးမှာ  ဆူကီမီဟာ သူမရဲ့မိခင်တွေ ဆုံးပါးသွားကတည်းက တစ်ကိုယ်တည်း နေထိုင်နေတာ ဖြစ်ပါတယ်။

play

 

သူမဟာ သေဆုံးသွားတဲ့ အိမ်နီးချင်းနဲ့ မိတ်ဆွေတွေတင်သာ မကပါဘူး။ သူမမိသားစုရဲ့ ကိုယ်ပွားအရုပ်တွေကိုလည်း ဖန်တီးထားပါတယ်။ သူမရဲ့မိဘနှစ်ပါးနဲ့အတူ မိသားစုတစ်စုလုံး မင်္ဂလာဆောင်တစ်ခုအတွက် ပြင်ဆင်နေပုံကို အရုပ်တွေနဲ့ ဖန်တီးထားတာကို မြင်တွေ့ရပါတယ်။

play

 

အဲဒီဂျပန်ရွာလေးမှာ အရုပ်တွေဟာ နေရာတိုင်းမှာရှိပြီး တစ်ချိန်က သူတို့ရဲ့ နေ့စဉ်ဘဝကို လှစ်ဟပြနေပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ