Lifestyle: နိုင်ငံတကာ အနမ်းနေ့ ဆိုတာ

၅၈ နာရီကျော်ကြာနမ်းပြီး ကမ္ဘာ့အရှည်ကြာဆုံးအနမ်းအဖြစ် စံချိန်တင်ထားပါတယ်။

 

နိုင်ငံတကာအနမ်းနေ့ကို နှစ်စဉ် ဇူလိုင် ၆ ရက်နေ့တိုင်း ဗြိတိန်မှာ ကျင်းပလာရာကနေ ကမ္ဘာတစ်ဝန်းကလည်း ကျင်းပလာတာ ဖြစ်ပါတယ်။ အနမ်းတစ်ခုဟာ လူ့အဖွဲ့အစည်းတွင်း အဓိပ္ပာယ်ပေါင်းများစွာ ရှိနေပေမဲ့ အနမ်းနေ့ဟာ အနမ်းသက်သက်ကိုပဲ တန်ဖိုးထားတဲ့ အနေနဲ့ ကျင်းပတာ ဖြစ်ပါတယ်။ အစဉ်အလာတွေ၊ စံနှုန်းတွေကို ဖယ်ထားပြီး အနမ်းသက်သက်ကိုပဲ ရည်ရွယ်တာ ဖြစ်တယ်လို့ ဆိုကြပါတယ်။

 

ဒါပေမဲ့ ကမ္ဘာတစ်ဝန်းမှာ အနမ်းပြိုင်ပွဲတွေ ကျင်းပလေ့ရှိပြီး ချစ်သူစုံတွဲတွေ ဝင်ရောက်ယှဉ်ပြိုင်လေ့ရှိပါတယ်။ ကမ္ဘာ့အရှည်ကြာဆုံးအနမ်းကို ထိုင်းနိုင်ငံက ဇနီးမောင်နှံနှစ်ဦးဖြစ်တဲ့ အက်ကာချိုင်းနဲ့ လက်ဆာနာ တီရန်နာရတ်တို့က ၅၈ နာရီကျော်ကြာနမ်းပြီး ၂၀၁၃ ခုနှစ်က စံချိန်တင်ထားပါတယ်။ 

Photos & Source: National Awareness Day

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ