Lifestyle: အခန်းတစ်ခန်းမှာ အလင်းရောင်ကောင်းကောင်း ရစေဖို့

လုပ်ငန်းလုပ်မယ်ဆိုရင်တော့ အဆိုပါ လုပ်ငန်းပေါ်မူတည်ပြီး အလင်းရောင်ကို ထားရှိဖို့ လိုပါတယ်။

play

 

အလင်းရောင်ဟာ လူရဲ့ စိတ်ခံစားချက်ပေါ်သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် နေ့စဉ်နေထိုင်နေတဲ့ အခန်းရဲ့ အလင်းရောင်ထားရှိပုံဟာ အရေးကြီးပါတယ်။

အခန်းတစ်ခန်းကို မီးဆင်တော့မယ်ဆိုရင် အဓိက စဉ်းစားရမှာက ဘာလုပ်မယ့် အခန်းလည်းဆိုတဲ့ အချက်ပေါ်မူတည်ပါတယ်။ လုပ်ငန်းလုပ်မယ်ဆိုရင်တော့ အဆိုပါ လုပ်ငန်းပေါ်မူတည်ပြီး အလင်းပေးဖို့ လိုပါတယ်။ သာမန်နေထိုင်တဲ့ အခန်းမှာတော့ အလင်းရောင်ထားသိုပုံ သုံးမျိုးရှိပါတယ်။ ယေဘုယျ၊ တာဝန်နဲ့  အလှဆင် ဆိုပြီး သုံးမျိုးဖြစ်ပါတယ်။

ယေဘုယျ

play

 

သာမန်နေထိုင်တဲ့ အခန်းမှာ ယေဘုယျဆင်ကြတဲ့ မီးမျိုး ဖြစ်ပါတယ်။ တီဗီရှိတယ်ဆိုရင် တီဗီရဲ့ အပေါ်တည့်တည့်နဲ့ မျက်နှာချင်းဆိုင်မှာ ဆင်တာမျိုး မလုပ်သင့်ပါဘူး။ အခန်းတစ်ခုလုံး မီးတစ်ခုတည်းနဲ့ အလင်းပေးတာမျိုး မလုပ်ဘဲ မီးသုံးလေးခုခွဲပြီး အလင်းပေးသင့်ပါတယ်။

တာဝန်

play

 

စာဖတ်မီးအိမ်ကတော့ မရှိမဖြစ် လိုအပ်ပါတယ်။ ဧည့်ခန်းမှာ အလုပ်စကားပြောတတ်တယ်ဆိုရင်  ခုံနှစ်ခုံကြားမှာလည်း မတ်တပ်မီးအိမ်(Floor Lamp) ကို ထားသင့်ပါတယ်။ မီးလုံးမဆင်သင့်ပါဘူး။ မီးလုံးဟာ မျက်လုံးကို ညောင်းစေပါတယ်။

အလှဆင်

play

 

စားပွဲတင်မီးအိမ်လေးတွေ၊ မတ်တပ်မီးအိမ်လေးတွေကြောင့် အခန်းထဲနေထိုင်ရတာဟာ စိတ်ကို သိမ်မွေ့စေပါတယ်။ ဒီလို အလင်းမှိန်မှိန်လေးတွေက အခန်းကို တည်ငြိမ်ပြီး လှစေပါတယ်။

Photos & Source: apartment therapy, the decor

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ