Lifestyle: အမျိုးသားများ စွဲစွဲမြဲမြဲ မသောက်သင့်သည့် အချိုရည်များ

အမျိုးသားတွေရဲ့ မျိုးပွားနိုင်စွမ်းကို လျော့ကျစေတဲ့ အချိုရည်တွေ ရှိပါတယ်။

play

ဂတ်စ်ပါဝင်မှုနှုန်းများပြားတဲ့ အချိုရည်တွေကို မကြာခဏသောက်သုံးခြင်းဟာ အမျိုးသားတွေရဲ့ ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေကြောင်း ကျန်းမာရေး သုတေသန တစ်ခုက ဖော်ထုတ်လိုက်ပါတယ်။ အထူးသဖြင့် ကိုလာဖျော်ရည်တွေကို ကာလကြာရည် စွဲမြဲစွာ သောက်သုံးမိမယ်ဆိုရင် အမျိုးသားတွေအနေနဲ့ ကျန်းမာရေးဆိုးကျိုးကို ပိုပြီးခံစားရမှာဖြစ်ပါတယ်။

play

 

တစ်နေ့ကို ဂတ်စ်ပါဝင်မှုများတဲ့ ကိုလာဖျော်ရည် တစ်လီတာလောက် သောက်သုံးမိမယ်ဆိုရင် အမျိုးသားတွေရဲ့ သုတ်ပိုးထုတ်လုပ်နိုင်စွမ်းကို ၃၀ ရာခိုင်နှုန်းလောက် ကျဆင်းစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လိင်အင်္ဂါထောင်မတ်စေမှုကိုလည်း အနှောက်အယှက် ဖြစ်စေမယ်လို့ သုတေသီတွေက ထောက်ပြထားပါတယ်။ အမျိုးသားပေါင်း ၂၄၄၅ ဦးကို လေ့လာခဲ့ရာမှာ ကိုလာလိုမျိုးအချိုရည်တွေ မကြာခဏ သောက်သုံးလေ့ရှိတဲ့ အမျိုးသားတွေရဲ့ သုတ်ပိုး ၁ မီလီလီတာကို ပျှမ်းမျှသုတ်ကောင်ရေ ၃၅ သန်းသာ ရှိနေတာတွေ့ရပါတယ်။

play

 

ဒီလိုအချိုရည်မျိုးတွေ သောက်လေ့မရှိသူတွေမှာတော့ သုတ်ပိုး ၁ မီလီလီတာကို သုတ်ကောင်ရေ ၅၆ သန်းလောက် ပျှမ်းမျှရှိနေတတ်ပါတယ်။ နောက်ပိုင်းမှာ မျိုးမပွားနိုင်တော့တဲ့ အန္တရာယ်ကိုပါ ရင်ဆိုင်ရနိုင်ဖွယ် ရှိတယ်လို့ သုတေသီတွေက သတိပေးပါတယ်။ အချိုရည်တွေထဲမှာ ပါဝင်တဲ့ အချိုဓာတ်တွေကလည်း ကျားအင်္ဂါထဲက ပုံမှန်အလုပ်လုပ်တဲ့စနစ်ကို အနှောက်အယှက်ပေးတယ်လို့ ထောက်ပြထားပါတယ်။ ဒီသုတေသနကို ပိုလန်မှာရှိတဲ့ နီကိုးလပ်ကိုပါနီးကပ်စ်တက္ကသိုလ်နဲ့ ဘိုင်ဂိုဇက်ဆေးရုံက ပါမောက္ခဖရန်စီဇက်တို့ ပူးပေါင်းလေ့လာခဲ့တာပါ။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ