Lifestyle: ဝင်ငွေကောင်းတဲ့ ရေသူမလေးနှစ်ယောက်

ငယ်စဉ်က အိပ်မက်ကို အကောင်အထည်ဖော်ရုံတင်မက အဲဒီအလုပ်နဲ့ပဲ ရပ်တည်နိုင်နေပါပြီ။

play

 

ဂျက်စီကာဘဲလ်နဲ့ အမ်မလီရာက သူတို့ အကြိုက်ဆုံး ရေသူမဝတ်စုံတွေကို ယူနီဖောင်းအဖြစ် အမြဲဝတ်ဆင်နိုင်ကြသူတွေပါ။

ထအသက် ၂၆ နှစ်နဲ့ အသက် ၃၀ အသီးသီးရှိကြတဲ့ သူတို့နှစ်ယောက်ဟာ ငယ်သူငယ်ချင်းတွေဖြစ်ပြီး သြစတြေးလျနိုင်ငံ၊ ပါ့သ်မြို့မှာ နေထိုင်စဉ်က The Little Mermaid ကို အမြဲကြည့်ပြီး စွဲလမ်းခဲ့သူများ ဖြစ်ပါတယ်။

play

 

အခုတော့ သူတို့ရဲ့ ကလေးဘဝအိပ်မက်ကို အကောင်အထည်ဖော်ပြီး Perth Mermaids ဆိုတဲ့ နာမည်နဲ့ ဖျော်ဖြေမှုတွေ လုပ်နေပါပြီ။

ဂျက်စီကာက ရေအောက်မှာ ဓာတ်ပုံရိုက်ခဲ့ပြီး အမ်မလီရာက ကမ်းခြေမှာ  ရေသူမပုံစံနဲ့ ဓာတ်ပုံအရိုက်ခံခဲ့ရာက စပြီး သူတို့ကို လူတွေက သတိထားမိလာတဲ့အတွက် သြစတြေးလျ ကမ်းခြေတွေမှာ ဖျော်ဖြေရေးအစီအစဉ်တွေ လုပ်ဖြစ်လာတာ ဖြစ်ပါတယ်။

play

 

အခုဆိုရင် သူတို့ဟာ ငါးပြတိုက်တွေမှာ ပုံမှန် ဖျော်ဖြေမှုတွေ လုပ်တဲ့အပြင် ကလေးတွေရဲ့ မွေးနေ့အတွက်ပါ သူတို့ကို ငှားရမ်းမှုတွေ ရှိလာပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ