Lifestyle: ဗီယက်နမ် တောနက်ထဲမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့တဲ့ တာဇံ သားအဖ

ရုပ်ရှင်ထဲက တာဇံနဲ့တော သူတို့နေထိုင်ပုံ ကွာခြားပါတယ်။

play

 

ဗီယက်နမ်နိုင်ငံ တေးထရာအရပ်မှရှိတဲ့ တောနက်ကြီးတစ်ခုထဲမှာ တကယ့်တောတွင်း တာဇံလို နေထိုင်နေသူ တစ်ယောက်ရှိပါတယ်။ အသက် ၄၄ နှစ်လောက်ရှိပြီဖြစ်တဲ့ ဟိုဗန်လန်ဟာ အသက် ၈၅ နှစ်လောက်ရှိပြီဖြစ်တဲ့ သူ့ရဲ့ဖခင်နဲ့အတူ နေထိုင်နေသူဖြစ်ပါတယ်။

play

 

သူတို့သားအဖ နှစ်ဦးဟာ အရင်ကတော့ ဗီယက်နမ် ကျေးရွာလေးတစ်ခုမှာ နေထိုင်ခဲ့တာပါ။ ဒါပေမယ့် ဗီယက်နစ်စစ်ပွဲ ပြီးခဲ့တဲ့ အချိန်အတွင်းမှာ ဒီတောနက်ထဲကို ပြောင်းရွှေ့နေထိုင်ခဲ့ကြတာ အခုထိဖြစ်ပါတယ်။ ဟိုဗန်လန်က အပြင်မှာ တောတွင်းတာဇံတစ်ယောက်လို နေထိုင်ပေမယ့် ရုပ်ရှင်ထဲက တာဇံလို ဗလတောင့်တောင့်၊ သစ်သီးတွေပဲ စားတဲ့သူမျိုးတော့ မဟုတ်ပါဘူး။

play

 

အစားအသောက်အတွက် ကြွက်တွေကို အဓိက ဖမ်းဆီးစားသောက်ပါတယ်။ အဝတ်အစားကိုတော့ သစ်ခေါက်နဲ့ ပြုလုပ်ထားတဲ့ အဝတ်အစား ဝတ်ဆင်ပြီး သစ်ပင်ပေါ်မှာ ဆောက်ထားတဲ့ အိမ်ထဲမှာ နေထိုင်ကြပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်တုန်းက တောနက်ထဲမှာ နေထိုင်နေကြတဲ့ သူတို့သားအဖနှစ်ဦးကို ဒေသခံတွေက မမျှော်လင့်ပဲ ရှာတွေ့ခဲ့ကြတာပါ။

play
ဟိုဗန်လန် ပထမဆုံးအကြိမ် ရုပ်မြင်သံကြားစက်ကို တွေ့ရစဉ်

 

အခုတော့ ဒေသခံတွေနေထိုင်တဲ့ အနီးကို သူတို့သားအဖနှစ်ဦး ပြောင်းရွှေ့ နေထိုင်နေကြပြီဖြစ်ပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ