Lifestyle: ရယ်ကြရအောင်

Duwun ပရိသတ်တွေရဲ့ ဘဝအမောတွေ ခဏတာဖြစ်ဖြစ် ပြေပျောက်စေဖို့အတွက် ရယ်စရာလေးတွေပါ။

play

နာနေလို့

ဆေးခန်းတွင်ဖြစ်သည်။
လူနာ - ဆရာ ... ကျွန်တော့်ပခုံးကနာနေတယ်။ ပခုံးတင်မဟုတ်ဘူး ဆရာ။
ဆရာဝန် - ဘာဖြစ်သေးလို့လဲ။
လူနာ - ကျွန်တော် ပခုံးကိုတို့ရင် ပခုံးနာတယ်။ ဒူးကိုတို့ရင် ဒူးနာတယ်။ ခြေဖဝါးကိုတို့ရင် ခြေဖဝါးနာတယ် ဆရာ။
ဆရာဝန် - နာမှာပေါ့ ... ခင်ဗျား လက်ညှိုးကျိုးသွားတာကိုး ...

ဖုန်းမှားနေလို့

မြီးကောင်ပေါက် သမီးငယ် ဖုန်းပြောနေသည်ကို ဖခင်ဖြစ်သူ ကြည့်နေသည်။ နာရီဝက်ကြာအောင် ပြောပြီးနောက် သမီးငယ်က ဖုန်းချလိုက်သည်။ ဖခင်က ပြော၏။
ဖခင် - ဒီတစ်ခါ ဖုန်းပြောတာ နာရီဝက်လောက်ပဲ ကြာတယ်နော်။ အရင်က သမီး နှစ်နာရီနီးပါးလောက်ကို ပြောတာပါ။
သမီး - ဟုတ်တယ် အဖေ။ ဖုန်းမှားနေလို့။

ခွဲခြားနိုင်စွမ်း

ကောင်လေး - ဟိုမှာရပ်နေတဲ့ မျက်လုံးအပြာ၊ ဂျင်းဘောင်းဘီနဲ့ ကလေးက မိန်းကလေးလား ယောက်ျားလေးလား။
အမျိုးသမီး - မိန်းကလေးလေ ... အဲဒါ ငါ့သမီး။
ကောင်လေး - ဆောရီးပါ ဦးလေ။ ဦးလေးကို သူ့အဖေမှန်းမသိလို့ ကျွန်တော် မေးမိတာပါ။
အမျိုးသမီး - ငါက သူ့အဖေမဟုတ်ဘူး ... သူ့အမေဟဲ့ ... အမေ။

play

ပထမဆုံးနေ့

မိခင် - သားရေ ... သားရဲ့ ကျောင်းပထမဆုံးနေ့လေးမှာ ပျော်ရဲ့လား။
သား - ဟင် ...  ပထမဆုံးနေ့ ဟုတ်လား။ ဒါဆို မနက်ဖြန်လည်း သွားရဦးမှာပေါ့။

တူးဖို့

ပထမလူ - မင်း ဘာဖြစ်လို့ ငိုနေတာလဲ။
ဒုတိယလူ - ဟိုဆင်ကြီး သေသွားလို့။
ပထမလူ - ဒီဆင်ကြီးက မင်းမွေးထားတာလား။
ဒုတိယလူ - ဘယ်ကလာမွေးရမှာလဲ။ သူ့ကိုမြှုပ်ဖို့ ကျွန်တော်က ကျင်းတူးပေးရမှာဗျ။

အပြစ်မပေးနဲ့

ကျောင်းသား - ကျွန်တော် မလုပ်တဲ့ အရာတစ်ခုအတွက် ကျွန်တော့်ကို အပြစ်ပေးမှာလား။
ဆရာ - မပေးပါဘူး။ ဘာဖြစ်လို့လဲ။
ကျောင်းသား - ကျေးဇူးပါပဲ ဆရာ ... ကျွန်တော် အိမ်စာမလုပ်ခဲ့ဘူး။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ