AD
AD
AD
play

 

ဘဝမှာ မလိုချင်တဲ့ အရာတွေကို ရှောင်လွှဲနိုင်ဖို့အတွက် တစ်ခါတစ်ရံမှာ စိတ်ပိုင်းဖြတ်ပြီး ပြောင်းလဲပစ်လိုက်ရတဲ့အခါမျိုးတွေ ရှိလာတတ်ပါတယ်။ ဘဝဟာ တိုတောင်းလွန်းတယ်ဆိုကြပေမယ့် ကောင်းသောပြောင်းလဲခြင်းအတွက်တော့ နောက်ကျတယ်ဆိုတာ မရှိပါဘူး။

ပြောင်းလဲတယ်ဆိုတဲ့ အထဲမှာ ပတ်ဝန်းကျင်၊ အလုပ်အကိုင်၊ စိတ်နေစိတ်ထား စတာတွေ ပါဝင်ပြီးသားပါ။ သင့်ဘဝကို လုံးဝပြောင်းလဲ လိုက်သင့်ပြီဆိုတာ သက်သေပြနေတဲ့ အချက် (၅) ချက်ရှိပါတယ်။

၁။ သောကြာနေ့ပဲ အမြဲရောက်ချင်တယ်

play

 

အလုပ်သာ လုပ်နေရတယ်။ ပျော်လည်းမပျော်ဘူး။ အလုပ်ကို ကြိုးစားပမ်းစား လုပ်ချင်စိတ်လည်းမရှိပဲ သောကြောနေ့ညနေပိုင်း ရောက်လာဖို့ပဲ အမြဲမျှော်နေမိပြီဆိုရင်တော့ သင်စဉ်းစားရမယ့်အချိန် ရောက်ပါပြီ။ သောကြောနေ့ ပြီးသွားရင်လည်း တနင်္လာနေ့ရောက်မှာ ပိုလို့ ကြောက်နေသေးတယ်ဆိုရင်တော့ ပြန်စဉ်းစားသင့်ပါပြီ။

၂။ ခရီးထွက်ပြီး အမြဲစိတ်ဖြေဖျောက်နေရတယ်

play

 

နေရတဲ့ ပတ်ဝန်းကျင်မှာ ပျော်စရာတွေ၊ စိတ်ချမ်းသာစရာတွေမရှိလို့ ခရီးခဏခဏ ထွက်ပြီး အပန်းဖြေနေရတယ်ဆိုရင်လည်း ပြန်စဉ်းစားသင့်ပါပြီ။ သင်ကိုယ်တိုင်သွားချင်လို့ သွားတာမျိုး ဆိုရင်တော့ ပြဿနာ မရှိပါဘူး။

၃။ ဘဝမှာ ဦးစားပေးရမယ့် အရာတွေ ဦးစားမပေးနိုင်ဘူး

play

 

သင့်ဘဝအတွက် အရေးအကြီးဆုံး၊ ဒါမှမဟုတ် ဦးစားပေးရမယ့်အရာ ၃ ခုလောက် ချရေးကြည့်ပါ။ အဲဒီဦးစားပေး အရာတွေအတွက် အခုလျှောက်နေတဲ့ လမ်းကြောင်းမှန်ရဲ့လားဆိုတာ ပြန်စဉ်းစားရမှာ ဖြစ်ပါတယ်။ မဟုတ်ဘူးဆိုရင်တော့ ပြောင်းလဲဖို့ အခုကစပြီး ကြိုးစားလိုက်ပါ။

၎။ ပန်းတိုင်မသိ ဖြစ်နေ

play

 

ကိုယ်ဘာဖြစ်ချင်မှန်း မသိတာ အဆိုးဆုံးပါပဲ။ ပြင်းပြတဲ့ စိတ်ဆန္ဒနောက်ကို လိုက်နေတာ မဟုတ်ပဲ ဘဝကိုမျှောထားတာမျိုး ဖြစ်နေရင်တော့ သင်မပျော်မရွှင် ဖြစ်တာ မဆန်းပါဘူး။ ကိုယ့်ရဲ့စိတ်ဆန္ဒနဲ့ ပန်းတိုင်က ဘာလဲသိအောင် ကြိုးစားပါ။

၅။ ပျော်ခဲ့တဲ့ အချိန်တွေကို မမှတ်မိတော့ဘူး

play

 

ဘယ်အချိန်တုန်းက နောက်ဆုံးထားပြီး သင်ပျော်ပျော်ရွှင်ရွှင် နေခဲ့ရသလဲဆိုတာ ပြန်စဉ်းစားကြည့်ပါ။ စိုးရိမ်ပူပန်မှုတွေ၊ ဖိစီးကြောက်ရွံ့မှုတွေ ကြီးစိုးမနေတဲ့ သင့်ရဲ့ နောက်ဆုံးအချိန်ကိုပြန်တွေးကြည့်ပါ။ မမှတ်မိလောက်အောင် ဖြစ်နေရင်တော့ သင်ဒီအခြေအနေမှာ မပျော်တာအတော်ကြာနေပြီလို့ ပြောင်းလဲသင့်ပါပြီ။

Source : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD