၁ - တာဝန်
ကလေးတွေကို အစကတည်းက လုပ်ငန်းလေးတွေ ခွဲပေးထားလေ့ရှိပါတယ်။ ဒါဟာ သူတို့ကို တာဝန်ယူတတ်စိတ်ကို အစောပိုင်းကတည်းက သွင်းပေးထားတာ ဖြစ်ပါတယ်။
၂ - မျှော်လင့်ချက်ကြီးကြီး
ကလေးတွေပေါ် မျှော်လင့်ချက်ထားဖို့လည်း လိုပါတယ်။ ဒါပေမဲ့ သင့်ရဲ့ မျှော်လင့်ချက်က သူတို့လုပ်နိုင်သလောက်ပဲ ဖြစ်ရပါမယ်။
၃ - လူမှုဆက်ဆံရေး
ဒေါသထွက်နေတဲ့လူ၊ စိတ်ပျက်ပြီး လူတိုင်းကို မကောင်းမြင်နေတဲ့လူ စတဲ့လူတွေနဲ့ အခြေအနေအလျောက် ဆက်ဆံတတ်အောင် သင်ကြားပေးသင့်ပါတယ်။
၎- အရှုံး
သင့်ကလေးက အရှုံးတစ်ခုဖြစ်လာတဲ့အခါ အားပေးသင့်ပါတယ်။ သင့်ဘက်က ရှုံးလို့မရဘူးဆိုတဲ့ စံနှုန်းတွေကို မထားသင့်ပါဘူး။
၅ - ဖိအားမရှိ
ကလေးတွေကို ဖိအားပေးတာမျိုး လုံးဝမလုပ်ပါနဲ့။
၆ - ဇွဲ
ခက်ခဲတဲ့အရာတွေကို လိုချင်တဲ့အခါ ဇွဲရှိဖို့ လိုအပ်တယ်ဆိုတဲ့ အသိစိတ်ကို ငယ်ငယ်ကတည်းက သွင်းပေးဖို့ လိုပါတယ်။
၇ - အတ္တ
ကိုယ့်အတ္တကို ခွဲခြမ်းတတ်တဲ့စိတ်ကို ထည့်သွင်းပေးထားဖို့လိုပါတယ်။ စာဖတ်တတ်တဲ့ အကျင့်ကို လေ့ကျင့်ပေးဖို့လိုပါတယ်။ ကလေးတစ်ယောက်ဟာ သူ့ရဲ့ အားသာချက်၊ အားနည်းချက်တွေကို အသက်ကြီးလာတာနဲ့အမျှ ပိုသိလာဖို့ လိုပါတယ်။
၈ - ခိုင်မာမျှတ သူငယ်ချင်းဆန်
ကလေးတွေနဲ့ပက်သက်လို့ စည်းကမ်းသတ်မှတ်မယ်ဆိုရင် မျှတဖို့လိုပါတယ်။ ခိုင်မာဖို့လိုပါတယ်။ ကလေးဖြစ်တယ်ဆိုပေမဲ့ သူငယ်ချင်းလို ရင်းရင်းနှီးနှီးဆက်ဆံဖို့လည်း လိုပါတယ်။
Photos & Source: Lifehack