Lifestyle: မြန်မာငွေ ၃၅ သိန်း ကုန်ကျနိုင်တဲ့ ရေအောက် မင်္ဂလာဓာတ်ပုံ ဝန်ဆောင်မှု

ရေအောက် ဓာတ်ပုံတွေရိုက်ကူးတဲ့အခါ ကြင်စဦး မင်္ဂလာမောင်နှံ အနေနဲ့ ရေအောက်မှာ စက္ကန့် ၂၀ ကနေ ၃၀ ကြာ အသက်အောင့်ထားရမှာ ဖြစ်ပါတယ်။

play


ဓာတ်ပုံဆရာ ပီယာရီဗီအိုလ်လီက ကြင်စဦး မင်္ဂလာမောင်နှံတွေအတွက် ရေအောက်မှာ အမှတ်တရ စုံတွဲဓာတ်ပုံ ရိုက်ကူးပေးတဲ့ ဝန်ဆောင်မှုကို လုပ်ကိုင်နေပါတယ်။

play


သူဟာ မက္ကစီကိုကို ပြောင်းရွှေ့နေထိုင်ခဲ့ပြီးနောက် ရေငုပ်ပြီး အံ့မခန်းဖွယ် ရေအောက်ဓာတ်ပုံတွေ ရိုက်ကူးတဲ့အလုပ်ကို ဇောက်ချလုပ်ကိုင်ခဲ့ပါတယ်။

play


ပီယာရီက ရေအောက် မင်္ဂလာဓာတ်ပုံတွေကို မက္ကစီကိုရဲ့ ပင်လယ်ရေအောက် သဘာဝချိုင့်ဝှမ်းနဲ့ လှိုဏ်ဂူတွေထဲမှာ ရိုက်ကူးပေးပါတယ်။

play


မက္ကစီကိုနိုင်ငံကို ၂၀၀၆ ခုနှစ်မှာ မပြောင်းရွှေမီက ပြင်သစ်လူမျိုး ပီယာရီက ဥရောပနဲ့ လက်တင်အမေရိကမှာ သတင်းဓာတ်ပုံသမားအဖြစ် လုပ်ကိုင်ခဲ့သူပါ။

play


နောက်ပိုင်းမှာတော့ ရေငုပ်ရတာကို နှစ်သက်တဲ့ ပီယာရီက သူ့ရဲ့ ဓာတ်ပုံပညာနဲ့ ရေငုပ်မှုဝါသနာကို ပေါင်းစပ်နိုင်တဲ့ လုပ်ငန်းတစ်ခုလုပ်ကိုင်ဖို့ စဉ်းစားရာက ရေအောက် မင်္ဂလာဓာတ်ပုံတွေ ရိုက်ကူးပေးတဲ့ ဝန်ဆောင်မှုကို စတင်ခဲ့တာ ဖြစ်ပါတယ်။

play


ပီယာရီနဲ့ ရေအောက် မင်္ဂလာဓာတ်ပုံတွေ ရိုက်ကူးမယ်ဆိုရင် ဓာတ်ပုံရိုက်ကူးမှု အစီအစဉ်အလိုက် မြန်မာငွေ ၁၄ သိန်းကျော်ကနေ ၃၅ သိန်းကျော် ကုန်ကျနိုင်ပါတယ်။

play


ရေအောက် ဓာတ်ပုံတွေရိုက်ကူးတဲ့အခါ ကြင်စဦး မင်္ဂလာမောင်နှံ အနေနဲ့ ရေအောက်မှာ စက္ကန့် ၂၀ ကနေ ၃၀ ကြာ အသက်အောင့်ထားရမှာ ဖြစ်ပါတယ်။

play


ပီယာရီရဲ့ အဖွဲ့သားနှစ်ယောက်က ကြင်စဦး မင်္ဂလာမောင်နှံ အန္တရာယ်ကင်းစေဖို့ ကူညီပေးပါတယ်။ ဘယ်သူနဲ့မှ မတူဘဲ ဘဝတစ်သက်တာ အမှတ်တရဖြစ်နေစေမယ့် ရေအောက် မင်္ဂလာအမှတ်တရ ဓာတ်ပုံတွေကို ပီယာရီက အကောင်းဆုံး ရိုက်ကူးဝန်ဆောင်မှုပေးနေတာ ဖြစ်ပါတယ်။
Source & Photo: Pierre Violle

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ